PDF အဖွဲ့ဝင်(၂)ဦးက ရုံးချိန်းလာသည့်လင်မယားကို သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ဒဏ်ရာပြင်းထန်စွာရရှိ
ကျော် (NSS) - ဒီဇင်ဘာ ၅
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၌ PDF အဖွဲ့ဝင်(၂)ဦးက တရားရုံးသို့ရုံးချိန်းလာသည့် လင်မယားကို သေနတ်ဖြင့်ပစ်ခတ်ခဲ့မှု ယမန်နေ့ (ဒီဇင်ဘာလ ၄ ရက်)၊ နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့၊ နံနက် ၁၀ နာရီခန့်က ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အေးမြသာယာကျေးရွာနေသူများဖြစ်သည့် ဦးခင်ဦးနှင့်ဒေါ်စန်းကြူတို့လင်မယားသည် ဘုတ်ပြင်းမြို့ရှိ မြို့နယ်တရားရုံးသို့ ရုံးချိန်းတက်ရောက်ရန် ဆိုင်ကယ်ဖြင့်ထွက်ခွာလာခဲ့ကြကြောင်း သိရသည်။
ထိုသို့ ထွက်ခွာလာစဥ် ဟန်ကပြုကျေးရွာရှိ တောင်ဒဂုံဆီအုန်းလမ်းအရောက်၌ ၎င်းတို့နောက်မှဆိုင်ကယ်မောင်းနှင်လာသည့် PDF အဖွဲ့ဝင် (၂)ဦးကကျော်တက်၍ ဆိုင်ကယ်အား တားဆီးပြီး ဦးခင်ဦးနှင့်ဒေါ်စန်းကြူတို့ကို လမ်းကြားတစ်ခုအတွင်းသို့ခေါ်ဆောင်သွားခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။
PDF အဖွဲ့ဝင်(၂)ဦးသည် လင်မယားနှစ်ဦးအား လမ်းကြားအတွင်းသို့ခေါ်ဆောင်သွားပြီးနောက် သေနတ်များဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
"ဖြတ်သွားဖြတ်လာတွေက သေနတ်သံတွေကြားလို့ဝင်ကြည့်တာမှ အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက် သေနတ်ဒဏ်ရာတွေနဲ့လဲနေတယ်ဆိုပြီး အကြောင်းကြားလို့ တာဝန်ရှိတဲ့လူတွေနဲ့ပေါင်းပြီး သွားသယ်ပေးခဲ့တာပါ။ သူတို့လင်မယားနှစ်ယောက်က ဘုတ်ပြင်းမြို့နယ်တရားရုံးမှာ ရုံးချိန်းတက်ဖို့လာရင်း အခုလိုပစ်ခံရတာလို့သိရတယ်။ ကျန်တာတွေကတော့ တာဝန်ရှိတဲ့လူတွေကပဲပိုပြီးသိလိမ့်မယ်"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးခင်ဦးနှင့်ဒေါ်စန်းကြူတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး စိုးရိမ်ရသဖြင့် လူမှုကူညီရေးအသင်းဝင်များက ကရသူရိမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် လိုအပ်သည့်ခွဲစိတ်ကုသမှုများပြုလုပ်ရမည်ဖြစ်၍ မြိတ်မြို့၊ အမှတ်(၅/၁၀၀)စစ်ဆေးရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Export လုပ်ကိုင်သူများက အနစ်နာခံ၍ ဆောင်ရွက်နေသော်လည်း Import သမားများက အကျိုးခံစားနေရသည့် ကိစ္စများကို ဖြေလျှော့ပေးရန် ကြိုးပမ်းနေဟု နစက ဥက္ကဋ္ဌ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
20 Sep 2024 | မှုခင်း,ပြည်တွင်း