အသက်(၂၀)ဝန်းကျင်အရွယ်ရှိ အမျိုးသမီးတစ်ဦး ရေတွင်းထဲသို့ခုန်ချသေဆုံးမှု မန္တလေးမြို့တွင်ဖြစ်ပွား
သန့်ဇင် (NSS) - ဒီဇင်ဘာ ၅
မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် အသက်(၂၀)ဝန်းကျင်အရွယ်ရှိ အမျိုးသမီးတစ်ဦး ရေတွင်းထဲသို့ခုန်ချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)ထံမှ သိရသည်။
ယနေ့(ဒီဇင်ဘာလ ၅ ရက်)၊ နံနက် ၄နာရီခွဲအချိန်ခန့်တွင် အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရေတွင်းထဲခုန်ချသွားတဲ့ အမျိုးသမီးက စိတ်ကျန်းမာရေးချို့တဲ့နေတဲ့သူလို့ သိရတယ်။ သူကမနက်ပိုင်း လမ်းလျှောက်ရင်းနဲ့ ရေတွင်းထဲ ခုန်ချတာပေါ့နော်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ရေတွင်းထဲခုန်ချသေဆုံးသွားခဲ့သည့် အမျိုးသမီးသည် အသက်(၂၀)ဝန်းကျင်အရွယ်ဖြစ်ပြီး လက်ရှိတွင် မိသားစုနှင့်အဆက်သွယ်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
“ရေတွင်းက ရေပြင်ထိဆိုရင်ပေ(၂၀)ပေါ့။ အောက်ရေကတော့ ခန့်မှန်းခြေ (၁၀)ပေလောက်နက်ဦးမယ်။ ခုန်ချတဲ့အမျိုးသမီးမှာက ဖုန်းတစ်လုံးတော့ပါလာတယ်။ မိသားစုနဲ့ အဆက်သွယ်ရဖို့ သက်ဆိုင်ရာက လုပ်ဆောင်နေပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသမီးအား မေတ္တာမြင့်မိုရ်အသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်မှုထမ်းဆောင်ရန် စစ်ပြေးအပါအဝင် စစ်မှုထမ်းဟောင်းထောင်နှင့်ချီကာ ဆက်သွယ်လာကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
20 Sep 2024 | မှုခင်း,ပြည်တွင်း