ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ကို ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ်
မြူနစ် (NSS) - နိုဝင်ဘာ ၂၉
ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ကို ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာလ ၂၉ ရက်)တွင် ဝန်ကြီးဟောင်းဦးရဲထွဋ်အပေါ် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။
ဝန်ကြီးဟောင်းဦးရဲထွဋ်သည် ရာဇသတ်ကြီး ပုဒ်မ ၁၂၄-ဃ အရ ထောင်ဒဏ် (၇)နှစ်နှင့် ပုဒ်မ ၅၀၅-က အရ ထောင်ဒဏ် (၃)နှစ် စုစုပေါင်း ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။
“ဒီနေ့မှာ အလုံခရိုင်တရားသူကြီးက အင်းစိန်ထောင်မှာရှိတဲ့ ထောင်တွင်းအထူးတရားရုံးမှာ ပုဒ်မ ၁၂၄-ဃ အရ ထောင်ဒဏ် (၇)နှစ်ချမှတ်လိုက်တယ်။ နောက်အလုံမြို့နယ်တရားရုံးက ပုဒ် ၅၀၅-က နဲ့ ထောင်ဒဏ် (၃)နှစ်ချလိုက်တယ်။ စုစုပေါင်း (၁၀)နှစ် ချမှတ်လိုက်တာပေါ့” ဟု တရားရုံးနှင့်နီးစပ်သူက ပြောသည်။
ဦးရဲထွဋ်သည် လူမှုကွန်ရက်စာမျက်နှာပေါ်၌ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က ဖြင့် ပြီးခဲ့သော အောက်တိုဘာလ ၂၈ ရက် ညပိုင်းတွင် အမှုဖွင့်ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်။
ထိုသို့ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ဝန်ကြီးဟောင်းဦးရဲထွဋ်သည် ပုဒ်မ ၁၂၄-ဃ ဖြင့်ပါ ထပ်မံအမှုဖွင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယနေ့တွင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်သည် ယင်းပုဒ်မများဖြင့် ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းလည်းဖြစ်သည်။
ဦးရဲထွဋ်သည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သကဲ့သို့ တပ်မတော်တွင်လည်း ဒုတိယဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းယူနိုက်တက်အသင်း ကြားကွင်းကစားခဲ့ရမှုနှင့်ပတ်သက်၍ MFF က သက်ဆိုင်ရာ AFC ထံသို့ တရားဝင် Complain Letter ရေးသားပေးပို့ထားဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ