ရှမ်းယူနိုက်တက်အသင်း ကြားကွင်းကစားခဲ့ရမှုနှင့်ပတ်သက်၍ MFF က သက်ဆိုင်ရာ AFC ထံသို့ တရားဝင် Complain Letter ရေးသားပေးပို့ထားဟုဆို
ကျော် (NSS) - နိုဝင်ဘာ ၂၉
AFC ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းကစားသများကို ဗီဇာခွင့်မပြုပေးခဲ့ခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သက်ဆိုင်ရာ AFC ထံသို့ တရားဝင် Complain Letter ရေးသားပေးပို့ထားကြောင်း သိရသည်။
သြစတြေးလျအစိုးရက မြန်မာရှမ်းယူနိုက်တက်အသင်းကစားသမားများကို ဗီဇာခွင့်ပြုပေးရန် ငြင်းဆန်ခဲ့ခြင်းကြောင့် သြစတြေးလျကလပ် Macarthur FC နှင့် ကစားမည့် AFC Cup ပွဲစဉ်ကို ကြားကွင်းအဖြစ် ထိုင်းနိုင်ငံ၌ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။
အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ နည်းစနစ်ဒါရိုက်တာဖြစ်သူ ဦးတင်မြင့်အောင်က ကြားကွင်းကစားရသော်လည်း အရေးကြီးသည်မှာ ပွဲကစားခွင့်ရရေးဖြစ်သည်ဟု NSS ကိုပြောသည်။
"ဒီဖြစ်စဥ်မှာ တစ်ချို့ကိစ္စလေးတွေရှိမှာပါ။ ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ကတော့ လုပ်စရာရှိတာတွေလုပ်တယ်။ အားကစားနဲ့ပတ်သက်တာဖြစ်တဲ့အတွက် ကျွန်တော်တို့က သက်ဆိုင် ရာ AFC ကိုအကြောင်းကြားတယ်။ အရေးကြီးတာကတော့ ပွဲကစားရဖို့ပါပဲ"ဟု ဦးတင်မြင့်အောင်ကပြောသည်။
AFC သို့အကြောင်းကြားခြင်းအပြင် သြစတြေးလျနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံလည်း ပြည်ဝင် ခွင့်လက်မခံပါက အနိုင်အရှုံးအတွက် (၃)ဂိုး၊ (၃)မှတ်ပေးမည်လားဟု ဆက်သွယ်အကြောင်း ကြားခဲ့သည်ဟု ၎င်းကပြောသည်။
"အဲဒီလိုအကြောင်းကြားတော့ သူတို့အဖွဲ့ချုပ်က သူတို့လည်းမတတ်နိုင်တဲ့အတွက် ကြားကွင်းကစားဖို့ နိုင်ငံ ၅ ခုကိုအဆိုပြုခဲ့တယ်။ နောက်ဆုံး ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ် ၂ ခုရယ်၊ ကလပ်အသင်း ၂ ခုရယ် ဆွေးနွေးပြီးတော့ ထိုင်းနိုင်ငံမှာ ကန်ဖို့ရွေးချယ်ခဲ့ကြတာပါ"ဟု ဦးတင်မြင့်အောင်က ပြောသည်။
ယခု ဖြစ်စဥ်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သက်ဆိုင်ရာ AFC ထံသို့ တရားဝင် Complain Letter ရေးသားပေးပို့ထားပြီး AFC မှလည်း ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီဖြစ်စဥ်မှာ တကယ်တမ်းနစ်နာတာက သြစတြေးလျကလပ်ပါ။ သူတို့က အိမ်ကွင်းပရိသတ်ဆုံးရှုံးသွားတယ်။ ကျွန်တော်တို့ကပိုတောင်ကောင်းသေးတယ်။ သြစတြေးလျမှာဆိုရင် အဝေးကြီးသွားကန်နေရမှာ"ဟု ဦးတင်မြင့်အောင်ကပြောသည်။
မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းသည် ဩစတြေးလျကလပ် Macarthur FC နှင့် AFC Cup ပြိုင်ပွဲအဖြစ် မနက်ဖြန်(နိုဝင်ဘာလ ၃၀ ရက်)တွင် ထိုင်းနိုင်ငံ၌ ကြားကွင်းပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းမြောက်တိုက်ပွဲများ၏ နောက်ကွယ် နှပ်ကြောင်းပေး လက်မည်းကြီးများ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း