Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မင်းတုန်းမြို့နယ်ရှိကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီးနောက် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

Pearl (NSS) - နိုဝင်ဘာ ၂၉

မင်းတုန်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအား PDF များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက NSS ကို ပြောသည်။ 


ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၂၈ ရက်)၊ နံနက် (၇)နာရီခွဲခန့်တွင် မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ တောင်ယံကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါတောင်ယံကျေးရွာတွင်နေထိုင်သော ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းသန်း (၅၅)နှစ်သည် နေအိမ်၌ရှိနေစဉ် PDF များက လာရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ 

"တကယ်ကို စိတ်မချမ်းမြေ့ဖြစ်ရပါတယ်။ သူ့မှာ ကျန်ခဲ့တဲ့ မိသားစုတွေရှိတယ်။ တော်တော်လေးကို ခံစားနေရမယ်။ အဲဒီလောက်ထိ ရက်ရက်စက်စက် သတ်ဖြတ်စရာ မလိုဘူးလို့လည်း ထင်ပါတယ်"ဟု ဒေသခံတစ်ဦးက NSS ကို ပြောသည်။

ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားပြီး  ပနီချောင်းဘေးတွင် ဦးဝင်းသန်းအား  သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။ 

အဆိုပါနေ့  နံနက် (၃)နာရီခွဲခန့်တွင်လည်း မင်းတုန်းမြို့နယ်၊ မင်းတပ်ကျေးရွာအုပ်စု၊ ကြက်လောင်းကျေးရွာတွင် နေထိုင်သော အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဥက္ကာဖြိုး၏နေအိမ်သို့  PDF  (၆)ဦးခန့်သည် ဆိုင်ကယ် (၂)စီးဖြင့် လာရောက်ဖမ်းဆီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့လာရောက်ဖမ်းဆီးစဉ်  ဦးဥက္ကာဖြိုးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး PDF များက နေအိမ်ရှိ ဆိုင်ကယ်(၁)စီး ၊ ဖုန်း(၁)လုံး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတံဆိပ်တို့အား ယူဆောင်၍ တောင်ယံကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ 

အလားတူ (နိုဝင်ဘာလ ၂၈ ရက်)၊ နံနက်ပိုင်းတွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊  အောင်ပန်းချောင်းကျေးရွာတွင် နေထိုင်သော  အထက်တန်းပြဆရာမဒေါ်မာစီအား PDF အဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ကျေးရွာအထွက်ရှိ စက်လှေဆိပ်တွင် လက်ပြန်ကြိုးတုတ်ကာ လည်လှီး၍သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ 

အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍  လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆီဒိုးနားဟိုတယ်ကို လာမယ့်ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်သွားမယ်

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved