Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနီး ဖြစ်ပွားနေသော တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်၊ ဒေသခံ (၈၀)ရာခိုင်နှုန်းခန့်နေရပ်စွန့်ခွာ

မြူနစ် (NSS) - နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်၊ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနီးဖြစ်ပွားနေသော တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိပြီး ဒေသခံပြည်သူ (၈၀)ရာခိုင်နှုန်းခန့် နေရပ်စွန့်ခွာခဲ့ကြောင်း သိရသည်။


တအာင်းလက်နက်ကိုင် TNLA ပူးပေါင်းအဖွဲ့သည် ကုန်သွယ်ရေးဇုန်အနီးရှိ တပ်မတော်၏ (၁၀၅)မိုင်ဗျူဟာကုန်းစခန်းကို Drop ဗုံးအများအပြားအသုံးပြုကာ ပြီးခဲ့သောရက်ပိုင်းမှစ၍ တိုက်ခိုက်နေခြင်းဖြစ် သည်။

ထိုသို့ တိုက်ခိုက်နေမှုများကြောင့် ဗျူဟာကုန်းစခန်းအနီးရှိ မိုင်းယုကျေးရွာ နှင့် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အတွင်းသို့ Drop ဗုံးအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရသည်။

“အခြေအနေက တော်တော်လေးကို ဆိုးနေတာပါ။ မနေ့ကတည်းက ဒုန်းတွေနဲ့ ဗုံးတွေ တအားပစ်တာ။ ကျွန်မတို့ မိုင်းယုရွာရဲ့ လမ်းဘေးမှာ ကုန်သွယ်ရေးဇုန်ရှိတယ်လေ။ ပြီးတော့ စစ်တပ်ကုန်းရှိတယ်လေ။ အရင်ရက်တွေတုန်းက တောက်လျှောက် ဒရုန်းတွေနဲ့ ဗုံးတွေ တအားပစ်တာပေါ့။ ဗုံးတွေက ကုန်သွယ် ရေးဇုန်ထဲကိုလည်း ကျတယ်။ ကုန်သွယ်ရေးဇုန်မှာလည်း မီးတွေ လောင်တယ်။ မနေ့ကလမ်းမှာ သွားတဲ့လူတွေလည်း သေနတ်တွေ ထိတယ်။ ဘယ်သူက ဘယ်လိုပစ်မှန်းမသိဘူး။ ကျွန်မရဲ့တူလေးလည်း ထိသွားလို့ အခုဆေးရုံရောက်နေတယ်”ဟု မူဆယ်မြို့ခံတစ်ဦးက NSS ကို ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးနေမှုသည် မြင့်တက်လျက်ရှိပြီး မူဆယ်ပြည်သူ့ဆေးရုံးတွင်လည်း ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရောက်ရှိနေကြောင်း သိရသည်။

“လူတွေလည်း တအားပဲ ဆေးရုံကို ရောက်နေတာ။ ညကလည်း ရောက်တယ်။ ဆေးရုံရောက်မှ သေသွားတဲ့ လူတွေလည်း ရှိနေတယ်။ ဒီမနက်ဆိုရင်လည်း ဆေးရုံကို လူနာတွေ အများကြီးရောက်လာတယ်။ မနေ့ကဆိုရင်လည်း ကုန်သွယ်ရေးဇုန်နားမှာ ပွဲချင်းပြီး နှစ်ယောက်သေသွားတယ်။ ဆေးရုံရောက်တော့ နောက်တစ်ယောက် ထပ်သေတယ်။ ဒီလိုမျိုးသေနေတာတွေ့တော့ ရင်ထဲမှာ မကောင်းဘူးပေါ့။ ရင်ထဲမှာ ငိုချင်တာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် သူတို့ရဲ့ အတ္တတွေ၊ လောဘတွေကြောင့် ပြည်သူတွေ မညှာမတာသေနေရတာ စိတ်မကောင်းဖြစ်တာပေါ့”ဟု မူဆယ်မြို့ခံက ဆက်လက်ပြောသည်။

လက်ရှိတွင် ကုန်သွယ်ရေးဇုန်အနီးရှိ မိုင်းယုကျေးရွာအတွင်းသို့ လက်နက်ကိုင်အဖွဲ့များ ဝင်ရောက်လာကာ မိုင်းထောင်သည်ဟု ယူဆရသည့်အပြုအမူများ ရှိနေကြောင်းလည်း ဒေသခံများကပြောသည်။

ထို့ပြင် ယခုကဲ့သို့ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အပါအဝင် အနီးနားရှိ ကျေးရွာများမှ ဒေသခံပြည်သူ (၈၀)ရာခိုင်နှုန်းခန့်သည် မူဆယ်မြို့သို့ လာရောက်ကာ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရကြောင်း သိရသည်။

“မနေ့ကတော့ (၅၀)(၆၀)ရာခိုင်နှုန်းလောက်တော့ မူဆယ်ကိုထပ်ပြီး ပြောင်းကြတယ်။ ဒီနေ့မှာတော့ တစ်ဖက်အဖွဲ့အစည်းတွေက ရွာနားအထိ ရောက်နေကြတော့ ကျန်တဲ့သူတွေလည်း ပြောင်းကြတယ်။ အကုန်လုံးဆိုရင်တော့ ၈၀ ရာခိုင်နှုန်းလောက် မူဆယ်ကိုပြောင်းရွှေ့သွားကြပါပြီ။ လူဦးရေပမာဏနဲ့ပြောရင်တော့ (၅၀၀၀)အထက်လောက်တော့ရှိပြီ။ စပြီး ဖြစ်ကတည်းက နည်းနည်းစီပြောင်းနေကြတာပေါ့။ တချို့အစောင့်လောက်ပဲကျန်ခဲ့ကြတာပေါ့။ ဗုံးခိုကျင်းတွေရှိတဲ့ အိမ်တွေ၊ RC ရှိတဲ့အိမ်တွေကတော့ မပြောင်းကြဘူး”ဟု မိုင်းယုကျေးရွာခံတစ်ဦးက NSS ကို ပြောသည်။

လက်ရှိတွင် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနီးတစ်ဝိုက်၌ တပ်မတော် နှင့် TNLA ပူးပေါင်းအဖွဲ့များကြားတွင် စစ်ရေးဆက်လက်တင်းမာလျက်ရှိကြောင်း ဒေသခံများက ပြောသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မိမိတို့ဘက်တွင် အမေရိကန်ရှိနေဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး၀န်ကြီး ပြော

RELATED POSTS
RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved