Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မိမိတို့ဘက်တွင် အမေရိကန်ရှိနေဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး၀န်ကြီး ပြော

Htay Oung (NSS) - နိုဝင်ဘာ ၂၈ 

ဘင်္ဂလားဒေ့ရှ်နဲ့ အမေရိကန်နှစ်နိုင်ငံစလုံးဟာ ဒီမိုကရေစီကို ယုံကြည်ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရန် လိုလားကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူလ် မိုမင်က ပြောဆိုတယ်လို့ ဒါကာ_ထရီဗြွန်း သတင်းအေဂျင်စီက ယမန်နေ့ ရေးသားပါတယ်။


ဒီမိုကရေစီကို ယုံကြည်သူ အမေရိကန်ဟာ မိမိတို့နဲ့ အတူရှိနေကြောင်း၊ မိမိတို့ကလည်း သူတို့နဲ့ အတူရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ မိုမင်က သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန်က လိုချင်နေတာ အများကြီး မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကိုသာဖြစ်တယ်လို့ မိုမင်က အတည်ပြုပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ဘင်္ဂလားဒေ့ရှ်ကလည်း လိုချင်ကြောင်း၊ အဲဒါထက် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးဆိုပြီး ဗီဇာမူဝါဒနဲ့ ဘောင်ခတ်နေတဲ့ကိစ္စကိုတော့ မိမိတို့ ပြောဆိုရမှာဖြစ်ကြောင်း။ အမေရိကန်ဟာ အစဉ်တစိုက် လက်တွေ့ကျတဲ့နိုင်ငံဖြစ်ပြီး ဓမ္မဓိဋ္ဌာန်ကျကျ  လက်ခံယုံကြည်လေ့ရှိကြောင်း၊ ပြီးခဲ့တဲ့အကြောင်းအရာတွေဟာ အမေရိကန်အတွက် ပြန်လှန်သုံးသပ်နိုင်ဖို့ အထောက်အကူဖြစ်စေနိုင်ကြောင်း၊ ဥပမာအားဖြင့် ၁၉၇၁ ခုနှစ် (ဘင်္ဂလားလွတ်လပ်ရေးကာလ) လူမျိုးသုဉ်းရာဇ၀တ်မှု ကျူးလွန်သူ ပါကစ္စတန် စစ်တပ်ဘက်က  တစ်ဖက်သပ် ရပ်တည်ခြင်းဖြင့် အမေရိကန်ဟာ နိုင်ငံတကာ တရားဥပဒေအားလုံးကို ချိုးဖောက်ခဲ့ ဖူးတယ်လို့ ဒီနေရာမှာ ပြောပြလိုကြောင်း၊ ဒါပေမယ့် ဒီဇင်ဘာ ၁၆ ရက် ဘင်္ဂလားဒေ့ရှ်တို့ရဲ့ အောင်ပွဲနေ့ကို ကျင်းပ တဲ့အခါ အမေရိကန်က ကျွန်တော်တို့ကို ဆက်လက်ထောက်ခံခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးကတည်းက အမေရိကန်က ကျွန်တော်တို့နိုင်ငံအပေါ် ဘယ်တော့မှ ဖီလာဆန့်ကျင် မပြုခဲ့ကြောင်း၊ အဲဒီအချက်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ပကတိဖြစ်ပေါ်မှုအတိုင်း အမေရိကန်က ရပ်တည်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ကလည်း အမေရိကန်နဲ့အတူ ရှိနေခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီခရီးလမ်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဝါမီလိဂ်ပါတီရဲ့အတားအဆီးများ ဖန်တီးခြင်းကို မနှစ်သက်ကြောင်း၊ ဒီမိုကရေစီလုပ်ငန်းစဉ်ကို အဟန့်အတားမဖြစ်စေလိုဘဲ လွတ်လပ်တရားမျှတ စွာနဲ့ အကြမ်းဖက်မှု ကင်းစင်တဲ့ရွေးကောက်ပွဲအဖြစ် ကမ္ဘာကို ပြသလိုကြောင်း၊ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီများ အားလုံးပါဝင်ကြပြီး နိုင်ငံတဝှမ်း အကြားအလပ်မရှိ ဆန္ဒမဲပေးနိုင်ကြလိမ့်မယ်လို မျှော်လင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။


သတင်းထောက်တစ်ဦးရဲ့မေးခွန်းနဲ့ပတ်သက်ပြီး ပြည်သူအများပြည်သူတို့ ကောင်းကျိုးချမ်းသာဖြစ်စေဖို့  အပြု သဘောဆောင်တဲ့ အကြံပြုချက်များကို ဘင်္ဂလားဒေ့ရှ်က ကြိုဆိုတယ်လို့ မိုမင်က ပြန်လည်ဖြေဆိုပါတယ်။ မိတ်ဆွေနိုင်ငံများက အကြံပြုချက်များကို ပေးပို့နေကြပြီး အထောက်အကူဖြစ်စေတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါက အဲဒီ အကြံပြုချက်များကို ကြိုဆိုပါကြောင်း၊ အကြမ်းဖက်မှုကင်းစင်တဲ့ရွေးကောက်ပွဲဖြစ်မြောက်ရေးနဲ့ပတ်သက်ပြီး အားလုံးရဲ့ရိုးသားမှုနဲ့ ဆန္ဒရှိဖို့ လိုအပ်ကြောင်း၊ အဲဒီအတွက် လေးစားဂုဏ်ယူပါကြောင်း၊ အမေရိကန်ဟာ စူပါ အင်အားကြီးနိုင်ငံဖြစ်တဲ့အတွက် သူတို့ကို လျစ်လျူရှုလို့မရကြောင်း၊ လာမယ့်ရွေးကောက်ပွဲကို ပြည်သူများ ဆန္ဒမဲ ပေးခြင်းဖြင့် ပူးပေါင်းကြလိမ့်မယ်လို့ မြင်တွေ့နေရကြောင်း၊ အများအားဖြင့် မဲဆန္ဒရှင် ၅ဝ ရာခိုင်နှုန်းက ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲတွေမှာ  မဲပေးလေ့ရှိကြောင်း၊ ၁၉၉၆ ခုနှစ် BNP-Jamaat “ဘီအင်ပီ_ဂျမတ်ပါတီ” ပါတီ အစိုးရသက်တမ်းအတွင်း ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲတစ်ကြိမ်သာ ကျင်းပနိုင်ခဲ့ပြီး ဆန္ဒမဲပေးသူ အလွန် နည်းပါးခဲ့တယ်လို့ မိုမင်က ပြောပါတယ်။ 

(လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်းပြချက်နဲ့ အမေရိကန်က ဒဏ်ခတ်အရေးယူခြင်း ခံထားရတဲ့) #RAB #လျှပ်တပြတ်_လှုပ်ရှားမှု_အထူးတပ်ရင်းနဲ့ ပတ်သက်ပြီး ဝါရှင်တန်ဟာ ရင့်ကျက်တဲ့ အစိုးရဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ် အထူးတပ်ရင်းအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးမယ်လို့ အမြဲ မျှော်လင့်နေပါကြောင်း၊

RAB ဟာ အင်မတန် ဂုဏ်သိက္ခာရှိတဲ့အဖွဲ့အစည်းဖြစ်ပြီး အဂတိလိုက်စားမှု ကင်းရှင်းတဲ့အတွက် လူအများက လေးစားကြကြောင်း၊  (ဒုစရိုက်မှုများကို ကာကွယ်တိုက်ဖျက်ရာမှာ) အလွန်ထိရောက်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ် ကြောင်း၊ RAB ရှိနေခြင်းကြောင့် အကြမ်းဖက်မှုကို ဖယ်ရှားနိုင်ပြီး မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုများ သိသိသာသာ ကျဆင်းလာနေကြောင်း၊  (တစ်ချိန်က လုပ်ပေးခဲ့သလို) အမေရိကန်အနေနဲ့ လေ့ကျင့်မှုပြန်လုပ်ပေးခဲ့ရင် ပိုမို ကောင်းမွန်တဲ့အဖွဲ့အစည်းဖြစ်လာနိုင်ကြောင်း၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး လာမည့်ရွေးကောက်ပွဲများမတိုင်မီ ဖိအား တစ်စုံတစ်ရာအဖြစ် မခံစားရကြောင်း၊ နိုင်ငံရေးဆိုတာ မီးတင်ရှို့တိုက်ခိုက်ခြင်း၊ လူသတ်ခြင်း မဟုတ်ကြောင်း အဲဒီလုပ်ရပ်တွေဟာ  တိုင်းပြည်ဖွံ့ဖြိုး တိုးတက်နဲ့ ကျောင်းသားတွေရဲ့ ပညာရေးဘဝကို အဟန့်အတားဖြစ်စေ ကြောင်း၊ နိုင်ငံရေးဆိုတာ ပြည်သူတွေရဲ့အကျိုးစီးပွားကို ဦးတည်မှသာလျှင် လူအများ လက်ခံမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူလ်မိုမန်က သတင်းထောက်များကို ရှင်းပြပါတယ်။

(အမေရိကန်အတွက် ဘင်္ဂလားဒေ့ရှ်ဟာ ၃၈ ဦးမြောက် အကြီးဆုံးကုန်ပစ္စည်းပေးသွင်းသူဖြစ်ပြီး ၆ဝ ခုမြောက် အကြီးဆုံး ပို့ကုန်စျေးကွက်ဖြစ်ပါတယ်။ အမေရိကန်ကုမ္ပဏီတွေဟာ ဘင်္ဂလားဒေ့ရ်ှမှာ အများဆုံး ရင်းနှီးမြှုပ်နှံ သူများဖြစ်ပြီး ဒုက္ခသည်ဘင်္ဂါလီအကျပ်အတည်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စတို့မှာ အကူအညီပေးနေပါတယ်။ ၂ဝ၁၄ ခုနှစ် ဘင်္ဂလားဒေ့ရှ် ၇၆ ရာခိုင်နှုန်းဟာ အမေရိကန်အပေါ်အကောင်းမြင်ကြောင်း စစ်တမ်းအရ သိရှိရပါ တယ်။

အမေရိကန်ရဲ့ကာကွယ်ရေးပစ္စည်းသစ်များကို မိတ်ဆက်ခြင်းဟာ ဘင်္ဂလားဒေ့ရှ်စစ်တပ်အတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးနဲ့ အခြားမစ်ရှင်များမှာ ခိုင်မာအားကောင်းစေခဲ့ပါတယ်။ တကယ်တော့ RAB (ခေါ်) လျှပ်တပြတ် လှုပ်ရှားမှု အထူးတပ်ရင်းဟာ  ဝါရှင်တန်ရဲ့အကြံပေးမှုကြောင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အမေရိကန်ကပဲ လေ့ကျင့် လက်နက်တပ်ဆင်ပေးခဲ့ပါတယ်။

၂ဝဝ၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အဲဒီအထူးတပ်မှာ ဘင်္ဂလားဒေ့ရှ် ကြည်းရေလေနဲ့ ရဲတပ်ဖွဲ့အပြင် #အန်ဆာ ခေါ် လုံခြုံမှုထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပြီး နိုင်ငံအနှံ တပ်ရင်းပေါင်း ၁၅ ခု ရှိနေပါတယ်။ အဲဒီအဖွဲ့ရဲ့ ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ အာဏာရအစိုးရရဲ့လက်ကိုင်ဒုတ်အဖြစ် နိုင်ငံရေးပြိုင်ဘက်များအပေါ် နှိပ်ကွပ်ခြင်းများကြောင့် RAB အပေါ် ၂ဝ၂ဝ ပြည့်နှစ်မှာ အမေရိကန်က ဒဏ်ခတ် အရေးယူခဲ့ပါတယ်။  

ဘင်္ဂလားဒေ့ရှ်ရဲ့လာမယ့်အထွေထွေရွေးကောက်ပွဲကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်မှာ စတင်ဖို့ ရှိနေပါတယ်။ ၂ဝဝ၉ ခုနှစ်ကတည်းက စတင်အာဏာရရှိခဲ့တဲ့ ရှိတ်ဟာစီနာအစိုးရက ကြီးမှူးကျင်းပမယ့် အဲဒီရွေးကောက်ပွဲဟာ တရား မျှတမှုမရှိနိုင်တဲ့အတွက် အဝါမီလိခ်ပါတီ အစိုးရတစ်ဖွဲ့လုံး နှုတ်ထွက်ပြီး အိမ်စောင့်အစိုးရတစ်ရပ် ဖွဲ့စည်းပေးရန် အဓိက အတိုက်အခံ BNP နဲ့ မဟာမိတ်အဖွဲ့အစည်းတို့က တောင်းဆိုနေပါတယ်။

၂ဝ၁၃ ခုနှစ် ဒါကာမြို့ အပြင်ဘက် အထည်ချုပ်စက်ရုံ ပြိုကျမှုမှာ အလုပ်သမားအများစု လူ ၁ဝဝဝ ကျော် အသက် ဆုံးရှုံးခဲ့ရပါတယ်။ ၂ဝ၁၄ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အဓိကနိုင်ငံရေးပါတီကြီးဖြစ်တဲ့ ဘီအင်န်ပီ -ဂျမတ်တို့ က သပိတ်မှောက်ခဲ့ပြီး ဟိန္ဒူဆန့်ကျင်ရေး အဓိကရုန်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ် ဒါကာမြို့မှာ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့အတွက် လူ ၂ဝ ကျော် သေဆုံးခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ် မုတ်သုန်မိုး အကြီးအကျယ်ရွာသွန်းတဲ့ အတွက် ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၈ သန်းတို့ရဲ့နေအိမ်များ ပျက်စီဆုံးရှုံးခဲ့ရပါတယ်။ 

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲတိုင်းဟာ အာဏာရအစိုးရတို့ရဲ့ ကုလားဖန်ထိုးမှုများကြောင့် ပြဿနာကြီးကျယ်လာ လေ့ ရှိပါတယ်။ အိမ်စောင့်အစိုးရတစ်ရပ်ဖြင့် ရွေးကောက်ပွဲကျင်းပရေး အာဏာလွှဲပြောင်းပေးဖို့ အတိုက်အခံတို့ရဲ့ တောင်းဆိုမှုများကို အသက် ၇၆ နှစ်အရွယ် ရှိတ်ဟာစီနာအစိုးရက ပယ်ချထားပြီး BNP ပါတီ ခေါင်းဆောင် ၄၃ ဦး ကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ ကန့်ကွက်ဆန္ဒပြမှုများကို ထောက်ခံလူအုပ်စုတို့က ထိပ်တိုက်တွေ့ ခြင်းဖြင့် အုပ်စုဖွဲ့ အကြမ်းဖက်ခြင်း၊ လုံခြုံရေး၊ နိုင်ငံရေး တင်းမာမှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။  ။သတင်းဘာသာပြန်သူ)

#ဘင်္ဂလားဒေ့ရှ်_အထွေထွေထွေရွေးကောက်ပွဲ #အမေရိကန်ဒဏ်ခတ်အရေးယူမှု #RAB #အန်ဆာ #နိုင်ငံခြားရေး ဝန်ကြီး_အေကေ_အဗ္ဗဒူလ်မိုမင် 

(Dhaka Tribune., 27 November 2023,” Momen: US with us, we are with the US”  ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဧရာဝတီမြစ်အတွင်း အသက် (၁၇)နှစ်အရွယ် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွား

RELATED POSTS
RECENT POSTS
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved