ကထိန်အလှူသွားသည့် ယာဥ်တစ်စီး တိမ်းမှောက်ခဲ့ရာ လူ (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိ
စော (NSS) - နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ ကထိန်အလှူသွားသည့်ယာဥ်တစ်စီး တိမ်းမှောက်ခဲ့ရာ လူ (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၂၆ရက်) မွန်းလွဲ (၂)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း emergency medical service အသင်းထံမှ သိရသည်။
“ပန်းတစ်ပွင့်တောင်ကိုသွားတဲ့ ဂုံးလေးရှိတယ်။ ဂျိုးဖြူပိုက်လိုင်းကို အုပ်ထားတဲ့တံတားလေးပါ။ တံတားက ဆယ်ပေလောက်ပဲရှိလောက်မယ်။ အမှတ်တမဲ့ ဘရိတ်အုပ်လိုက်တဲ့အခါမှာ နောက်ပြန်လိမ့်ပြီး လမ်းဘေးကျပြီး တိမ်းမှောက်သွားတာပါ။ ဘေးလူပြောတာတော့ အယောက် (၃၀)ကျော်လောက်ပါလာတယ် ပြောတယ်။ စက်ရုံလုပ်သားတွေလို့ပြောတယ်” ဟု emergency medical service အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထို့သို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သောယာဥ်သည် လှိုင်သာယာမြို့နယ်မှ မှော်ဘီမြို့နယ်၊ ပန်းတစ်ပွင့်တောင်ရှိ ကထိန်အလှူသို့သွားသောယာဥ်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား (၈)ဦး နှင့် အမျိုးသမီး (၁၁)ဦး စုစုပေါင်း (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများကို လူနာတင်ယာဉ် (၆)စီးဖြင့် မှော်ဘီဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MNDAA ပူးပေါင်းအဖွဲ့က လောက်ကိုင်မြို့ကို ကျူးကျော်တိုက်ခိုက်လာသည့်အတွက် တပ်မတော်က လေကြောင်းပစ်ကူဖြင့် တန်ပြန်ပစ်ခတ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ