ပြင်းထန်နေသည့်ပဋိပက္ခတိုက်ပွဲများကြောင့် လူပေါင်း(၃)သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရဟု UN Myanmar ထုတ်ပြန်
ယွန်း (NSS) - နိုဝင်ဘာ ၂၆
ပြည်တွင်းရှိ ပြင်းထန်နေသည့်ပဋိပက္ခတိုက်ပွဲများကြောင့် လူပေါင်း(၃)သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း UN Myanmar မှ အသိပေးထုတ်ပြန်ထားသည်။
United Nations Myanmar က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာ၌ အထက်ပါကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ(၂၆)ရက်မှစ၍ နိုဝင်ဘာ(၂၂)ရက်အထိ ပြင်းထန်လာသည့်ပဋိပက္ခများကြောင့် လူပေါင်း (၃၃၅ဝဝဝ)နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း UN Myanmar က ဆိုသည်။
အဆိုပါကာလအတွင်း ရှမ်းပြည်နယ် အပါအဝင် စစ်ကိုင်း၊ ကယား၊ ရခိုင်၊ ချင်း၊ မွန်၊ ကရင်၊ ပဲခူး နှင့် မန္တလေးတို့တွင် ပဋိပက္ခဖြစ်ပွားမှု အရှိန်မြင့်တက်လာခဲ့ပြီး လူပေါင်း(၂ဝဝ)နီးပါး သေဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရရှိသူ (၂၆၃)ဦးအထိ ရှိခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
ပဋိပက္ခများကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ပြီး အိုးအိမ်စွန့်ခွာထွက်ပြေးသူများလည်း များပြားလာခဲ့ရာ ၎င်းတို့ အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်လျက်ရှိကြောင်း UN Myanmar မှ ဆိုသည်။
၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ(၉)ရက်အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ(၂)သန်းကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနိုင်ငံသား ဘီလျံနာတစ်ဦးပိုင်ဆိုင်တဲ့သင်္ဘောကို အီရန်နိုင်ငံက ဒရုန်းနဲ့တိုက်ခိုက်ခဲ့
RELATED POSTS
07 Oct 2024 | နိုင်ငံရေး,ပြည်တွင်း