Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်မြို့သို့ ပို့လွှတ်နေသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို KNU၊ PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် လျှပ်စစ်ဓာတ်အား လျော့နည်းခဲ့ရဟု နစကဆို

Pearl (NSS) - နိုဝင်ဘာ ၂၆

ရန်ကုန်မြို့သို့ ပို့လွှတ်ပေးနေသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို KNU၊ PDF ပူးပေါင်းအဖွဲ့တို့က မိုင်းထောင် ဖောက်ခွဲခဲ့သဖြင့် လျှပ်စစ်ဓာတ်အား ၅၅ မဂ္ဂါဝပ် လျော့နည်းခဲ့ရကြောင်း နစက ယမန်နေ့ (နိုဝင်ဘာ ၂၅ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။ 


ပြီးခဲ့သည့် နိုဝင်ဘာ (၂၃) ရက်၊ ည (၇) နာရီ ၃ဝ မိနစ်ခန့်တွင်    ရန်ကုန်မြို့မှ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ်ရန် သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအား မွန်ပြည်နယ်၊ သထုံ မြို့နယ်၊ ညောင်ချောင်းကျေးရွာအနီးတွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပိုက်လိုင်းပေါက်ကွဲပျက်စီးခဲ့ကြောင်း သိရသည်။ 


ပိုက်လိုင်းပေါက်ကွဲပျက်စီးမှုကြောင့် ရန်ကုန်မြို့ရှိ  လှော်ကားဓာတ်အားပေးစက်ရုံသည် ရပ်တန့်ခဲ့ရသဖြင့် ၅၅ မဂ္ဂါဝပ် ဆုံးရှုံးခဲ့ရပြီး ရန်ကုန်တိုင်း နှင့် မွန်ပြည်နယ်၊  ကရင်ပြည်နယ်များရှိ ပြည်သူများအသုံးပြုရန်အတွက်  လျှပ်စစ်ဓာတ်အားကို လျှော့နည်း၍ ဖြန့်ဖြူးခဲ့ရကြောင်း နစကက ဆိုသည်။ 

"ရန်ကုန်ကို ပို့နေတဲ့ သဘာဝဓာတ်ငွေ့များ လျော့နည်းပြီး ရန်ကုန်ကို ပေးပို့နေတဲ့ လျှပ်စစ်ဓာတ်အား ၅၅ မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့ကြောင်း တွေ့ရပါတယ်။ အမြန်ပြုပြင်ရေး၊ လုံခြုံရေးဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီအကြမ်းဖက်အဖွဲ့တွေအနေနဲ့ ပြည်သူလူထုကို ဖြန့်ဖြူးနေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အဓိကကျတဲ့ လျှပ်စစ် ဓာတ်အား ကဏ္ဍကို အဓိကထားပြီး နောက်ပိုင်းမှာ တိုက်ခိုက်လာတာရှိပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လက်ရှိတွင် ပိုက်လိုင်းပျက်စီးခဲ့သည့်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဝန်ထမ်းများက ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

အလားတူ မြိုင်ကလေးဓာတ်ငွေ့ထိန်းဖြန့်စခန်းမှတစ်ဆင့် Gas Turbine (သထုံ) သို့ ဓာတ်ငွေ့ပို့လွတ်လျက် ရှိသော   ပိုက်လိုင်းအား  နိုဝင်ဘာ (၁၆) ရက်၊ ညနေ (၃)နာရီခန့်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဆယ်မိုင်ကုန်းကျေးရွာ အနီးတွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖောက်ခွဲခဲ့သဖြင့် ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နစကက သတင်းထုတ်ပြန်ထားသည်။ 


အဆိုပါ ပိုက်လိုင်းပေါက်ကွဲမှုကြောင့် Gas Turbine (သထုံ) သည် ရပ်ဆိုင်းခဲ့ရပြီး ရန်ကုန်တိုင်း နှင့်  မော်လမြိုင် မြို့နယ်၊  သထုံမြို့နယ်တို့ရှိ ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အားကိုလျော့နည်း၍ ဖြန့်ဖြူးခဲ့ရကြောင်း သိရသည်။ 

ပိုက်လိုင်းပျက်စီးခဲ့သည့်နေရာသို့ တာဝန်ရှိသူများက ပြုပြင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ (၁၈) ရက်တွင် ဆောင်ရွက် ပြီးစီးခဲ့သဖြင့်  Gas Turbine(သထုံ) သို့ ဓာတ်ငွေ့များ ပုံမှန်အတိုင်း ပြန်လည်ပို့လွှတ်ဖြန့်ဖြူးနိုင်ပြီဖြစ်ကြောင်း သိရသည်။

"ဒါတွေဟာ ပြည်သူလူထုရဲ့အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်အောင် လုပ်နေခြင်းဖြစ်ပါတယ်။ ဒါတွေကို ပြည်သူ လူထုတစ်ရပ်လုံးက သိရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့အတူ ပူးပေါင်းပြီး အမြစ်ပြတ်ချေမှုန်းသွားရမှာဖြစ်ကြောင်း ပြောလိုပါတယ် " ဟု  ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ 

အကြမ်းဖက်သမားများ၏ စစ်ရေးနှင့်မသက်ဆိုင်သည့် အကြမ်းဖက်လုပ်ရပ်များကြောင့်  ပြည်သူလူထုတို့၏ လူမှုစီးပွားဘဝ များစွာထိခိုက်နစ်နာမှုဖြစ်ပေါ်ခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး အတွက် အကြမ်းဖက်မှု ချေမှုန်းရေး စစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လောက်ကိုင်မြို့တွင်နေထိုင်နေသော တရုတ်နိုင်ငံသားများကို ဘေးလွှတ်ရာသို့ ချက်ချင်းရွှေ့ပြောင်းရန် တရုတ်သံရုံး တိုက်တွန်းတောင်းဆို

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved