လောက်ကိုင်မြို့တွင်နေထိုင်နေသော တရုတ်နိုင်ငံသားများကို ဘေးလွှတ်ရာသို့ ချက်ချင်းရွှေ့ပြောင်းရန် တရုတ်သံရုံး တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင်ရှိနေသည့် တရုတ်နိုင်ငံသားများကို ဘေးလွှတ်ရာသို့ ချက်ချင်းပြောင်းရွှေ့ရန် နှင့် ပဋိပက္ခဖြစ်ပွားနေသည့်နေရာများနှင့် ခပ်ဝေးဝေးနေထိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တိုက်တွန်းတောင်းဆိုလိုက်ကြောင်း တရုတ်သတင်းများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် တရုတ်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရမှုတွေ ကို ခြိမ်းခြောက်မှုများရှိလာခြင်း အပါအဝင် တရုတ်နိုင်ငံသားများ အန္တရာယ်ဖြစ်လာနိုင်ဖွယ်ရှိသောအခြေအနေများ ကြောင့် ဘေးလွှတ်ရာကိုရွှေ့ပြောင်းရန် တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။
တရုတ်သံရုံးက တရုတ်နိုင်ငံသားများအနေဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့်နေရာများမှ အမြန်ဆုံး ထွက်ခွာရန်၊ လက်နက်ကိုင်ပဋိပက္ခများတွင် ထိတွေ့မှုများကိုလျော့ချရန် တိုက်တွန်းတောင်းဆိုထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလာခြင်းအပေါ် နိုင်ငံတကာအဖွဲ့အစည်းများက အနီးကပ် စောင့်ကြည့်နေကြောင်း တရုတ်အစိုးရက ပြောသည်။ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် တည်ငြိမ်ရေး၊ ငြိမ်းချမ်ရေးပြန်လည်ရရှိစေရန် နှင့် လက်နက်ကိုင်ပဋိပက္ခများကို လျင်မြန်စွာအဖြေရှာနိုင်ရန် မျှော်လင့်ကြောင်း ဆိုသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် အောက်တိုဘာလအတွင်း တိုက်ပွဲများ စတင်ခဲ့ပြီးနောက် အပစ်ခတ်ရပ်စဲရန်၊ တွေ့ဆုံဆွေးနွေးရန် သက်ဆိုင်ရာအဖွဲ့အစည်းများကို တိုက်တွန်းတောင်းဆိုနေခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်အဖွဲ့များဖြစ်သော တအောင်းလက် နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့များသည် ပြီးခဲ့သောအောက်တိုဘာ ၂၇ ရက်တွင် မြန်မာတပ်မတော်စခန်းများကို စတင် တိုက်ခိုက်ခဲ့ရာ မြန်မာနိုင်ငံရှိ နေရာအများပြားတွင် တိုက်ပွဲအရှိန်မြင့်တက်လာခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်အထိ မြန်မာနိုင်ငံတွင် လူပေါင်း ၃၃၅ဝဝဝ နီးပါး နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ထပ်မံဖြစ်လာခဲ့သောတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသူအရေအတွက် ၂ သန်းကျော်သွားခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ် သတင်းထူးများ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း