အကြမ်းဖက်ခံရသည့်အမျိုးသမီးများအတွက် တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ်များကို ထောက်ပံ့ပေးနေကြောင်း နစကဝန်ကြီးဆို
စော (NSS) - နိုဝင်ဘာ ၂၆
အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစာရိတ် ထောက်ပံ့ခြင်းပေးနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ စိုးဝင်းက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဝန်ကြီး ဦးစိုးဝင်းက ယမန်နေ့(နိုဝင်ဘာ ၂၅ ရက်) တွင် နေပြည်တော်၌ ကျင်းပသော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်ခံရသည့်အမျိုးသမီးများအတွက် တရားရင်ဆိုင်ခရီးစရိတ် နှင့် အသက်မွေးဝမ်းကျောင်းစရိတ် ထောက်ပံ့ပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်းတို့ကို ဆောင်ရွက်ပေးနေကြောင်း ဝန်ကြီးဦးစိုးဝင်းက ဆိုသည်။
ထို့ပြင် အကြမ်းဖက်ခံရသည့် အမျိုးသမီးများ၏ လုံခြုံမှုအတွက် ယာယီနားခိုနိုင်ရန် မြို့ (၇)မြို့၌ စီစဉ်ပေးထားကြောင်း ၎င်းက ထပ်မံပြောသည်။
၎င်းမြို့(၇)ခုမှာ ရန်ကုန်တိုင်း အပါအဝင် မန္တလေး၊ လားရှိုး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာနှင့် စစ်တွေမြို့တို့ဖြစ်ပြီး အခြားသောဝန်ဆောင်မှုများ ရရှိနိုင်ရေး ချိတ်ဆက်ပေးခြင်းနှင့် ညွှန်းပို့ပေးခြင်းများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း အမျိုးသမီးများ အကြမ်းဖက်မှုကြုံတွေ့ရပါက သတင်းပို့တိုင်ကြား နိုင်ရန် (၂၄) နာရီ Helpline ဖုန်း “1566” (4 Digits) ကို ဖွင့်ထားပြီး တိုင်ကြားမှုများ လက်ခံ၍ ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း သိရသည်။
အဆိုပါ Helpline ဖုန်းများကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ (၂၉) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းစီဒေါ (CEDAW) ကို ပြီးခဲ့သည့် (၁၉၉၇)ခုနှစ် ဇူလိုင်လ (၂၂)ရက်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးထားပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာစီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးအတွက် သူလျိုလုပ်ပေးတဲ့ အမျိုးသားနှစ်ဦးကို ပါလက်စတိုင်းလူအုပ်ကြီး ကွပ်မျက်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ