တရုတ်နိုင်ငံသို့ ပို့လွှတ်သော သဘာဝဓာတ်ငွေ့နှင့် ရေနံစိမ်းပိုက်လိုင်းစီမံကိန်းကို TNLA နှင့် PDF ပူးပေါင်းအဖွဲ့ ဖျက်ဆီး
NSS - နိုဝင်ဘာ ၂၆
တရုတ်နိုင်ငံသို့ ပို့လွှတ်သော သဘာဝဓာတ်ငွေ့နှင့် ရေနံစိမ်းပိုက်လိုင်းစီမံကိန်းကို TNLA နှင့် PDF ပူးပေါင်းအဖွဲ့ ဖျက်ဆီးခဲ့ကြောင်း နစကမှ နိုဝင်ဘာ(၂၅)ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့နှင့် ရေနံစိမ်းများ ပို့လွှတ်နေသည့် ပိုက်လိုင်းတွင် အဓိကကျသည့် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဇီးပင်ကျေးရွာအနီးရှိ ထိန်းချုပ်ရေးစခန်းကို TNLA နှင့် PDF အကြမ်းဖက်များက ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၎င်းတို့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၁၅) ရက်မှ (၁၈) ရက်အထိ အဆိုပါထိန်းချုပ်ရေးစခန်းအတွင်း ဝင်ရောက်နေထိုင် ကာ ထိန်းချုပ်ရေးပစ္စည်းများကို ဖျက်ဆီးမှုများ ဆောင်ရွက်ခဲ့ကြောင်း နစကမှ ဆိုထားသည်။
“TNLA, AA ပူးပေါင်း အကြမ်းဖက်အဖွဲ့အနေနဲ့ ထိန်းချုပ်ရေးစခန်းအတွင်းမှာရှိတဲ့ ဆက်သွယ်ရေးကိရိယာတွေ၊ လုံခြုံရေးကိရိယာတွေ၊ လုပ်ငန်းသုံးပစ္စည်းများကို ဝင်ရောက်ဖျက်ဆီးသွားတာကို တွေ့ရပါတယ်။ စွမ်းအင်ဝန်ကြီး ဌာန တာဝန်ရှိသူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင် တွေအနေနဲ့ အချိန်မီထိန်းသိမ်းပြုပြင်ခဲ့ရပါတယ်။ နှစ်နိုင်ငံရဲ့ အကျိုး စီးပွားကို ထိခိုက်အောင်ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရပါတယ်” ဟု နစကပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
အကြမ်းဖက်များ၏ လုပ်ရပ်များကြောင့် တရုတ်နိုင်ငံသို့ ရေနံစိမ်းများ ပို့လွှတ်ရာတွင် ထိခိုက်မှုများရှိခဲ့ပြီး လက်ရှိတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေကြောင်း နစက မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယာယီအပစ်ခတ်ရပ်စဲရေးသဘောတူညီမှု ဒုတိယမြောက်နေ့မှာ အစ္စရေးနဲ့ ဟားမက်စ်တို့ ဖမ်းဆီးထားသူများ အပြန်အလှန် ပြန်လွှတ်ပေး
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း