ယာယီအပစ်ခတ်ရပ်စဲရေးသဘောတူညီမှု ဒုတိယမြောက်နေ့မှာ အစ္စရေးနဲ့ ဟားမက်စ်တို့ ဖမ်းဆီးထားသူများ အပြန်အလှန် ပြန်လွှတ်ပေး
ဂျန်ဇက် (NSS) -နိုဝင်ဘာ ၂၆
ဟားမက်စ် လက်နက်ကိုင်အုပ်စုဟာ အစ္စရေးနဲ့ ရရှိထားတဲ့ ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်အရ ဖမ်းဆီးထားတဲ့ အစ္စရေးနိုင်ငံသား ၁၃ ဦးနဲ့ အခြားနိုင်ငံခြားသား ၄ ဦးကို နိုင်ငံတကာကြက်ခြေနီအဖွဲ့ထံ နိုဝင်ဘာ ၂၅ ရက်က လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။
ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြန်ပေးဆွဲခံထားရသူတွေကို နိုင်ငံတကာကြက်ခြေနီ အဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ရရှိထားတဲ့ လေးရက် ကြာ ယာယီအပစ်ခတ်ရပ်စဲရေး ဒုတိယမြောက်နေ့မှာ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေးအတွက် ဟားမက်စ် အဖွဲ့က နှောင့်နှေးခဲ့ပေမယ့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။
ဟားမက်စ်အဖွဲ့က ပြန်ပေးဆွဲထားသူတွေကို စီစဉ်ထားတဲ့အတိုင်း ပြန်လွှတ်ပေးသွားမှာဖြစ်ကြောင်း၊ ကြားဝင် စေ့စပ်ပေးနေတဲ့ ကာတာ နဲ့ အီဂျစ်နိုင်ငံတို့ကို အသိပေးထားပါတယ်။ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Majed Al Ansari က" ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့ နှောင့်နှေးမှုတွေ ရှိနေချိန်မှာ ကာတာနဲ့ အီဂျစ်နိုင်ငံတို့ဟာ အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့တွေကို ဆက်သွယ်ခဲ့တယ်။ ပါလက်စတိုင်းအကျဉ်းသား ၃၉ ဦး ပြန်လွှတ်ပေးမှာဖြစ်သလို အစ္စရေးနိုင်ငံသား အကျဉ်းသား ၁၃ ဦး ပြန်လွှတ် ပေးမှာဖြစ်တယ်" လို့ ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အုပ်စုက အီဂျစ်နဲ့ ကာတာနိုင်ငံတို့ဟာ ယာယီအပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ရဲ့ စကားရပ်အားလုံးကို အစ္စရေးနိုင်ငံ လိုက်နာဆောင်ရွက်ရေးနဲ့ပတ်သက်ပြီး ကတိပြုထားကြောင်း ပြောပါတယ်။
အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့ဟာ နိုဝင်ဘာ ၂၄ ရက်မှာ ယာယီအပစ်ခတ်ရပ်စဲရေး စတင်ခဲ့ပြီး ဖမ်းဆီးထားသူများကို အပြန်အလှန်ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။ ဟားမက်စ်အဖွဲ့က ပြန်လွှတ်ပေးခဲ့တဲ့ နိုင်ငံခြားသား ၄ ဦးဟာ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး၊ ဟားမက်စ်လက်နက်ကိုင်အဖွဲ့လက်ထဲမှာ ထိုင်းနိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်ခံရသည့်အမျိုးသမီးများအတွက် တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ်များကို ထောက်ပံ့ပေးနေကြောင်း နစကဝန်ကြီးဆို
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း