ဘုရားသုံးဆူမြို့၌ ဗိုလ်မှူးတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ
NSS - နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၌ ဗိုလ်မှူးတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ယမန်နေ့(နိုဝင်ဘာလ ၂၃ ရက်)၊ နံနက် (၉)နာရီအချိန်ခန့်တွင် ဘုရားသုံးဆူမြို့ရှိ အလှပြင်ဆိုင်တစ်ခု၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးက NSS ကိုပြောသည်။
ခလရ(၉၇) ဒုတပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးအေးချမ်းသည် အလှပြင်ဆိုင်အတွင်းရှိနေစဥ်အချိန် ပစ်ခတ်ခံရကာ ဦးခေါင်းကျည်ထိမှန်ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“အဲဒီဒုတပ်ရင်းမှူးက ဘုရားသုံးဆူမှာလာထိုင်တာပေါ့။ ဆိုင်ထဲမှာပဲဖြစ်သွားတာ ခေါင်းကိုတစ်ချက်ထိပြီး နေရာမှာပဲဆုံးသွားတယ်။ အဲဒီဆိုင်ကိုလည်း အမြဲသွားနေကြလို့ကြားတယ်”ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက NSS ကို ပြောသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ အလှပြင်ဆိုင်တစ်ခုအတွင်း ရောက်ရှိနေသော ခလရ(၉၇)တပ်မှ ဒုတပ်ရင်းမှူး အေးချမ်းအား မိမိတို့ တော်လှန်ရေးအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီးသွားခဲ့ပြီဖြစ်ကြောင်း Red Dragon Column နဂါးနီ စစ်ကြောင်းက ယနေ့ (နိုဝင် ဘာလ ၂၄ ရက်)တွင် ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
ပြီးခဲ့သောကာလများအတွင်း အဆိုပါအလှပြင်ဆိုင်၌ နယ်ခြားစောင့်တပ်ဖွဲ့ BGF မှ အဖွဲ့ဝင်တစ်ဦးလည်း လုပ်ကြံခံခဲ့ရဖူးကြောင်း မြို့ခံများ၏ပြောကြားချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငါန်းဇွန်မြို့နယ် သံကုန်းကျေးရွာရှိ အရပ်သား(၇)ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ