ငါန်းဇွန်မြို့နယ် သံကုန်းကျေးရွာရှိ အရပ်သား(၇)ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရ
NSS - နိုဝင်ဘာ ၂၄
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် သံကုန်းကျေးရွာရှိ အရပ်သား(၇)ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (နိုဝင်ဘာလ ၂၂ ရက်)၊ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ သံကုန်းကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဖိုးချစ်(၁၈)နှစ်၊ နန်းဝင်း(၃၇)နှစ်၊ ဝေအောင်(၂၃)နှစ်၊ ဗျိုင်းကြီး(၂၉)နှစ်နှင့် ကိုပိုင်(၃၀)နှစ်တို့(၅)ဦးသည် ရွာလည်ရှိ ကုန်စုံဆိုင်တစ်ခု၌ အုပ်စုဖွဲ့အရက်ထိုင်သောက်နေစဉ် အကြမ်းဖက်အဖွဲ့အင်အား(၈)ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ၎င်းတို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုများကြောင့် ဖိုးချစ်တွင် ကျည်ထိမှန်ဒဏ်ရာ (၆)ချက်၊ နန်းဝင်းတွင် ကျည်ထိမှန်ဒဏ်ရာ(၂)ချက်၊ ဝေအောင်တွင် ကျည်ထိမှန်ဒဏ်ရာ(၆)ချက်၊ ဗျိုင်းကြီးတွင် ကျည်ထိမှန်ဒဏ်ရာ (၈)ချက်နှင့် ကိုပိုင်တွင်ကျည်ထိမှန် ဒဏ်ရာ(၅)ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် အခင်းဖြစ်နေရာ၏ အနောက်ဘက် ကိုက်(၃၀၀)အကွာရှိ နေအိမ်မှ ဦးချစ်ဟန်(၇၂)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ဝင်း(၇၂)နှစ်တို့ လင်မယား(၂)ဦးကိုလည်း သေနတ်ဖြင့် ထပ်မံပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးချစ်ဟန်တွင် ကျည်ထိမှန်ဒဏ်ရာ (၂)ချက်နှင့် ဒေါ်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာ(၁)ချက်တို့ အသီးသီးရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူများ၏ရုပ်အလောင်းများအား ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာအပြစ်အရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရက် ၃ဝ ရှိလာတဲ့ ရှမ်းမြောက်တိုက်ပွဲတွေ နဲ့ နိုင်ငံတဝှမ်းက ပုန်ကန်ထကြွမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ (PK Show)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ