မြန်မာနိုင်ငံတွင်း၌ တရားမဝင်နေထိုင်သော တရုတ်နိုင်ငံသား(၁၀၀၀)နီးပါး ထပ်မံဖမ်းဆီးရမိ
ယွန်း (NSS) - နိုဝင်ဘာ ၂၄
မြန်မာနိုင်ငံတွင်း၌ တရားမဝင်နေထိုင်သော တရုတ်နိုင်ငံသား(၁၀၀၀)နီးပါး ထပ်မံဖမ်းဆီးရမိခဲ့ပြီး ရက်ပေါင်း (၂၀)ကျော်အတွင်း နစကမှ တရုတ်နိုင်ငံသား (၆၀၀၀)ကျော် ပြန်လည်လွှဲပြောင်းပေးထားကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံသား (၁၀၀၀)နီးပါးကို နိုဝင်ဘာလ(၂၃)ရက်တွင် လိုအပ်သည့် စိစစ်ခြင်းများဆောင်ရွက်ပြီး တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့လွှဲပြောင်းပေးရာတွင် တရုတ်နိုင်ငံသား အမျိုးသား(၇၈၈)ဦး နှင့် အမျိုးသမီး (၁၄၄)ဦး စုစုပေါင်း (၉၃၂)ဦး ပါဝင်ကြောင်း သိရသည်။
နစကအနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ(၃၁)ရက်မှစ၍ မြန်မာနိုင်ငံအတွင်း တရားမဝင်နေထိုင်နေသည့် တရုတ်နိုင်ငံသားများကို ၎င်းတို့နိုင်ငံရှိ တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်းမှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အောက်တိုဘာလ(၃၁)ရက်မှ နိုဝင်ဘာလ(၂၃)ရက်အထိ နယ်စပ်ဒေသမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား(၅၆၁၂)ဦး နှင့် အမျိုးသမီး(၅၂၆)ဦး စုစုပေါင်း(၆၁၃၈) ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
နစကအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Drop ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် ပုဏ္ဏားကျွန်းဈေး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းပေါင်း (၄၀၀) ကျော် ပျက်ဆီးဆုံးရှုံးခဲ့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ