Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Drop ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် ပုဏ္ဏားကျွန်းဈေး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းပေါင်း (၄၀၀) ကျော် ပျက်ဆီးဆုံးရှုံးခဲ့

Pearl (NSS) - နိုဝင်ဘာ ၂၄

Drop ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် ပုဏ္ဏားကျွန်းဈေး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းပေါင်း (၄၀၀)ကျော် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ 


ဖြစ်စဉ်မှာ ယ‌နေ့ (နို၀င်ဘာလ ၂၄ ရက်) ၊ နေ့လည် (၂)နာရီ အချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ ပုဏ္ဏားကျွန်းဈေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရခိုင်လက်နက်အကိုင်အဖွဲ့ ULA/AA က ပစ်ခတ်သော drop ဗုံးသည် ပုဏ္ဏားကျွန်းဈေးအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က NSS ကို ပြောသည်။ 

"မီးကတော့ တော်တော်များပါတယ်။ drop bomb ဘယ်နှစ်လုံး ကျလဲ အတိအကျတော့ မသိရသေးဘူး။ မီးမငြိမ်းသေးဘူး။ ကယ်ဆယ်ရေးတွေတော့ သွားနေတယ်"ဟု ပဏ္ဏားကျွန်းမြို့ခံတစ်ဦးက NSS ကို ပြောသည်။

အဆိုပါ  ပုဏ္ဏားကျွန်းဈေး မီးလောင်မှုသည် ULA/AA က ပစ်ခတ်သည့် Drop ဗုံးကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောဆိုထားသော်လည်း  ၎င်းအချက်အလက်နှင့်ပတ်သက်၍ NSS က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ 

သို့သော် drop ဗုံးကျရောက် ပေါက်ကွဲကာ ပုဏ္ဏားကျွန်းဈေး၌ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဆိုင်ခန်းပေါင်း (၄၀၀)ကျော် ပျက်ဆီးဆုံးရှုံးခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News ကို အတည်ပြုထားသည်။

 "မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သတ်လို့ စစ်ဆေးနေတုန်းပဲလို့ သိရတယ်။ ဒါပေမယ့် ပုဏ္ဏားကျွန်းဈေးမှာရှိတဲ့ ဆိုင်းခန်းပေါင်း (၄၀၀)ကျော် မီးလောင်ဆုံးရှုံးသွားတယ်လို့ သတင်းပေးလာတယ်။ ပုဏ္ဏားကျွန်းမှာက မီးသတ်ကားကလည်း (၃)စီးပဲရှိတယ်။ မီးလောင်တာကတော့ တော်တော်ဆိုးဆိုးဝါးဝါးလောင်သွားတယ်"ဟု မီးသတ်တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။ 

ပုဏ္ဏားကျွန်းဈေးမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ နစကပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက “ပုဏ္ဏားကျွန်းဈေး မီးလောင်တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့သံသယရှိတာသည် အချိန်ကိုက် ရှို့မီးပဲဖြစ်နိုင်ပါတယ်။ AA အနေနဲ့ ဒေသခံပြည်သူလူထုကို အသုံးချပြီး အထင်အမြင်လွဲမှားအောင် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူ့အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်နဲ့အညီ မီးရှို့စရာအကြောင်း၊ ပစ်ခတ်စရာအကြောင်း မရှိပါဘူး။ စစ်ရေးပစ်မှတ်တွေကိုပဲ ကျွန်တော်တို့ တိုက်ခိုက်နေတာဖြစ်ပါတယ်” ဟု ပြောသည်။

အလားတူ ယမန်နေ့ (နိုဝင်ဘာလ ၂၃ ရက်) တွင်လည်း ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ မူဆယ်မြို့၊ တရုတ်နယ်စပ်ရှိ ကျင်စန်းကျော့ဂိတ်အနီးမှ seven ဟွာကျင်းကားဝန်းကို MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့က ပစ်ခတ်သော Drop ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကုန်ကားစီးရေ(၁၂၀)ခန့် မီးလောင်ပျက်စီးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရာထူးက ထုတ်ပယ်ထားတဲ့ စစ်သားထောင်ချီကို စစ်မှုပြန်ထမ်းဖို့ အမေရိကန်စစ်တပ် ပြန်လည်ခေါ်ယူ

RELATED POSTS
RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved