Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကလေး၊ လူငယ်နှင့် ငယ်ရွယ်သည့် အမျိုးသမီးအများစု လက်ကိုင်ဖုန်း အသုံးပြုခြင်းများသည် နည်းလမ်းမှားပါက အန္တရာယ်ရှိနိုင်ဟုဆို

ရဲပြည့် (NP News) - မတ် ၉

 ကလေး၊ လူငယ်၊ အမျိုးသမီးငယ်ရွယ်သူအများစုသည် လက်ကိုင်ဖုန်း အသုံးပြုကြရာတွင် ကောင်းမွန်သည့် အကျိုးရလဒ်ရနိုင်သကဲ့သို့ နည်းလမ်းမှားပါက အန္တရာယ်ရှိပြီး အကျိုးကျေးဇူးမရှိနိုင်ခြင်းကြောင့် သတိထားကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ (၈)ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားသို့ Video Message ဖြင့် ပြောကြားခဲ့သည့် အဖွင့်အမှာစကားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 

"ကလေး၊ လူငယ်၊ အမျိုးသမီးငယ်ရွယ်အများစုက လက်ကိုင်ဖုန်း အသုံးပြုကြရာမှာကောင်းမွန်တဲ့ အကျိုးရလဒ်ရနိုင်တာရှိသလို နည်းလမ်းမှားရင်လည်း အန္တရာယ်ရှိနိုင်တယ်။ အကျိုးကျေးဇူးမရှိနိုင်တာကြောင့် သတိထားရမှာ ဖြစ်တယ်။ အဲဒါကြောင့် ဖုန်းအသုံးပြုတာကနေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာဗဟုသုတတွေကို  ရှာဖွေရာမှာ လမ်းကြောင်းမမှားအောင် သင်ကြားပေးဖို့ မိဘ၊ဆရာတွေနဲ့ အုပ်ထိန်းသူ လူကြီးသူမတွေမှာ တာဝန်ရှိပါတယ်။  သတင်းမီဒီယာတွေကလဲ အသိပညာပေးမှုတွေ ဆောင်ရွက်ပေးဖို့ လိုပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။ 

ဆန်းသစ်သည့် နည်းပညာများတိုးတက်လာခြင်းသည် ကောင်းကျိုးများကို ဖြစ်ပေါ်လာစေသကဲ့သို့ တစ် ဖက်တွင်လည်း နည်းပညာကိုအသုံးပြုပြီး အမျိုးသမီးများအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများ၊ အွန်လိုင်းမှတစ်ဆင့် နှောင့်ယှက်မှုများ၊ ခြိမ်းခြောက်မှုများ၊ အွန်လိုင်းမှတစ်ဆင့် အကြမ်းဖက်မှုများနှင့် ရာဇဝတ်လုပ်ငန်းများလုပ်ကိုင်ရန် အတင်းအကြပ်ခိုင်းစေမှုတို့လည်း ရှိနေဆဲဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။ 

မြန်မာနိုင်ငံတွင် ၂ဝ၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံရှိအိမ် ထောင်စုများ၏ ၈၆ ရာခိုင်နှုန်းခန့်သည် အနည်းဆုံးလက်ကိုင်ဖုန်းတစ်လုံးပိုင်ဆိုင်ပြီး တစ်နိုင်ငံလုံးရှိ အိမ် ထောင်စုများ၏ ၅၆ ရာခိုင်နှုန်းသည် အိမ်၌အင်တာနက်အသုံးပြုနေကြကြောင်း သိရသည်။ 

အလားတူ အိမ်ထောင်စုဦးရေ ၅၄ ဒသမ ၉ သန်းတွင် အမျိုးသမီး ၅၃ ဒသမ ၂ ရာခိုင်နှုန်းပါဝင်ကြောင်းသိရသည်။ 

အဆိုပါ ကိန်းဂဏန်းအရ အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အလေးပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးသက်ရောက်စေမည်ဖြစ်သည့်အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂ဝ၂၃-၂ဝ၃၂)အသစ်ရေးဆွဲပြီး စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်းသိရသည်။

အလားတူ ယနေ့ခေတ်တွင် ကျောင်းနေသည့် အရွယ်မှစပြီး ကလေးတိုင်းတွင် လက်ကိုင်ဖုန်းများကို ကိုင်တွယ်ရင်းနှီးနေကြောင်းနေခြင်းကြောင့် မိဘနှင့်အုပ်ထိန်သူများမှ ထိန်းသိမ်းကိုင်တွယ်သင့်ကြောင်း ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။

zawgyi version

ကေလး၊ လူငယ္ႏွင့္ ငယ္႐ြယ္သည့္ အမ်ိဳးသမီးအမ်ားစု လက္ကိုင္ဖုန္း အသုံးျပဳျခင္းမ်ားသည္ နည္းလမ္းမွားပါက အႏၲရာယ္ရွိႏိုင္ဟုဆို

ရဲျပည့္ (NP News) - မတ္ ၉

 ကေလး၊ လူငယ္၊ အမ်ိဳးသမီးငယ္႐ြယ္သူအမ်ားစုသည္ လက္ကိုင္ဖုန္း အသုံးျပဳၾကရာတြင္ ေကာင္းမြန္သည့္ အက်ိဳးရလဒ္ရႏိုင္သကဲ့သို႔ နည္းလမ္းမွားပါက အႏၲရာယ္ရွိၿပီး အက်ိဳးေက်းဇူးမရွိႏိုင္ျခင္းေၾကာင့္ သတိထားၾကရန္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။ 

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မတ္လ (၈)ရက္တြင္က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔အခမ္းအနားသို႔ Video Message ျဖင့္ ေျပာၾကားခဲ့သည့္ အဖြင့္အမွာစကားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။ 

"ကေလး၊ လူငယ္၊ အမ်ိဳးသမီးငယ္႐ြယ္အမ်ားစုက လက္ကိုင္ဖုန္း အသုံးျပဳၾကရာမွာေကာင္းမြန္တဲ့ အက်ိဳးရလဒ္ရႏိုင္တာရွိသလို နည္းလမ္းမွားရင္လည္း အႏၲရာယ္ရွိႏိုင္တယ္။ အက်ိဳးေက်းဇူးမရွိႏိုင္တာေၾကာင့္ သတိထားရမွာ ျဖစ္တယ္။ အဲဒါေၾကာင့္ ဖုန္းအသုံးျပဳတာကေန ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ အသိပညာဗဟုသုတေတြကို  ရွာေဖြရာမွာ လမ္းေၾကာင္းမမွားေအာင္ သင္ၾကားေပးဖို႔ မိဘ၊ဆရာေတြနဲ႔ အုပ္ထိန္းသူ လူႀကီးသူမေတြမွာ တာဝန္ရွိပါတယ္။  သတင္းမီဒီယာေတြကလဲ အသိပညာေပးမႈေတြ ေဆာင္႐ြက္ေပးဖို႔ လိုပါတယ္"ဟု ၎က ေျပာၾကားခဲ့သည္။ 

ဆန္းသစ္သည့္ နည္းပညာမ်ားတိုးတက္လာျခင္းသည္ ေကာင္းက်ိဳးမ်ားကို ျဖစ္ေပၚလာေစသကဲ့သို႔ တစ္ ဖက္တြင္လည္း နည္းပညာကိုအသုံးျပဳၿပီး အမ်ိဳးသမီးမ်ားအေပၚ ေခါင္းပုံျဖတ္အျမတ္ထုတ္မႈမ်ား၊ အြန္လိုင္းမွတစ္ဆင့္ ေႏွာင့္ယွက္မႈမ်ား၊ ၿခိမ္းေျခာက္မႈမ်ား၊ အြန္လိုင္းမွတစ္ဆင့္ အၾကမ္းဖက္မႈမ်ားႏွင့္ ရာဇဝတ္လုပ္ငန္းမ်ားလုပ္ကိုင္ရန္ အတင္းအၾကပ္ခိုင္းေစမႈတို႔လည္း ရွိေနဆဲျဖစ္ေၾကာင္း နစက ဥကၠ႒က ေျပာသည္။ 

ျမန္မာႏိုင္ငံတြင္ ၂ဝ၁၉ ခုႏွစ္ ၾကားျဖတ္လူဦးေရသန္းေခါင္စာရင္း အစီရင္ခံစာအရ ျမန္မာႏိုင္ငံရွိအိမ္ ေထာင္စုမ်ား၏ ၈၆ ရာခိုင္ႏႈန္းခန႔္သည္ အနည္းဆုံးလက္ကိုင္ဖုန္းတစ္လုံးပိုင္ဆိုင္ၿပီး တစ္ႏိုင္ငံလုံးရွိ အိမ္ ေထာင္စုမ်ား၏ ၅၆ ရာခိုင္ႏႈန္းသည္ အိမ္၌အင္တာနက္အသုံးျပဳေနၾကေၾကာင္း သိရသည္။ 

အလားတူ အိမ္ေထာင္စုဦးေရ ၅၄ ဒသမ ၉ သန္းတြင္ အမ်ိဳးသမီး ၅၃ ဒသမ ၂ ရာခိုင္ႏႈန္းပါဝင္ေၾကာင္းသိရသည္။ 

အဆိုပါ ကိန္းဂဏန္းအရ အမ်ိဳးသမီးမ်ားက႑ဖြံ႕ၿဖိဳးတိုးတက္မႈကို အေလးေပးေဆာင္႐ြက္ျခင္းျဖင့္ ႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္မႈကို အက်ိဳးသက္ေရာက္ေစမည္ျဖစ္သည့္အတြက္ အမ်ိဳးသမီးမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ ရာအမ်ိဳးသားအဆင့္ မဟာဗ်ဴဟာစီမံကိန္း(၂ဝ၂၃-၂ဝ၃၂)အသစ္ေရးဆြဲၿပီး စတင္ေဆာင္႐ြက္ေနၿပီျဖစ္ ေၾကာင္းသိရသည္။

အလားတူ ယေန႔ေခတ္တြင္ ေက်ာင္းေနသည့္ အ႐ြယ္မွစၿပီး ကေလးတိုင္းတြင္ လက္ကိုင္ဖုန္းမ်ားကို ကိုင္တြယ္ရင္းႏွီးေနေၾကာင္းေနျခင္းေၾကာင့္ မိဘႏွင့္အုပ္ထိန္သူမ်ားမွ ထိန္းသိမ္းကိုင္တြယ္သင့္ေၾကာင္း ၎က တိုက္တြန္းေျပာဆိုခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရာအိမ်မှူး၏နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်စောင့်ဖြစ်သူ မီးလောင်သေဆုံး

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved