မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ကလေးငယ်များ တန်းတူညီမျှအခွင့်အရေးမရှိဟု U-Reporter Myanmar စစ်တမ်းတွင်ဖော်ပြ
ယွန်း (NSS) - နိုဝင်ဘာ ၂၃
မြန်မာနိုင်ငံရှိ ကလေးသူငယ်များအနေဖြင့် ပညာရေးကဏ္ဍတွင် တန်းတူအခွင့်အရေးမရှိကြောင်း U-Reporter Myanmar ၏ စစ်တမ်းများအရ သိရသည်။
U-Reporter Myanmar သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်တမ်းများကို ကောက်ယူခဲ့ပြီးနောက် ယခုလ(နိုဝင်ဘာလ) တတိယပတ်အတွင်း အထက်ပါကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။
U-Reporter Myanmar ကမြန်မာနိုင်ငံရှိ ကလေးငယ်များအနေဖြင့် တန်းတူအခွင့်အရေးရနေသည်ဟု ထင်ပါသလားဆိုသော မေးခွန်းကိုမေးမြန်းခဲ့ရာ ဖြေဆိုသူအားလုံးအနက် (၆၈)ရာခိုင်နှုန်းမှာ တန်းတူညီမျှအခွင့်အရေးမရှိကြောင်း ဖြေဆိုထားပြီး ကျန်(၁၆)ရာခိုင်နှုန်းကသာ တန်းတူအခွင့်အရေးရှိသည်ဟု ဖြေဆိုထားကြောင်း သိရသည်။
ထို့ပြင် ကလေးများအနေဖြင့် မည်သည့်အပိုင်းတွင် တန်းတူအခွင့်အရေးမရရှိသလဲဟူသော မေးခွန်းအား ဖြေဆိုသူအားလုံးအနက် (၃၃)ရာခိုင်နှုန်းသည် ပညာရေးကဏ္ဍတွင် တန်းတူအခွင့်အရေးမရှိဟု ဖြေဆိုထားပြီး စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှုတွင်လည်း တန်းတူအခွင့်အရေးမရကြောင်း (၂၃)ရာခိုင်နှုန်းက ဖြေဆိုခဲ့သည်။
အဆိုပါ တန်းတူအခွင့်အရေးမရရှိခြင်းသည် စားဝတ်နေရေး နှင့် ငွေရေးကြေးရေးအခက်အခဲများကြောင့် ဖြစ်ပြီး ပြည်တွင်းရှိ ကလေးငယ်များအနေဖြင့် အခြားနိုင်ငံများနှင့် နှိုင်းယှဥ်ပါက တန်းတူအခွင့်အရေးရရှိမှုမှာ ဆိုးရွာသည့် အခြေအနေတွင်ရှိနေကြောင်း U-Reporter Myanmar ၏ စစ်တမ်းများတွင် ဖော်ပြထားသည်။
အလားတူ ဆင်းရဲနွမ်းပါးမှု နှင့် ကပ်ဘေးများကြောင့် မြန်မာနိုင်ငံရှိ ကလေး(၁)သန်းကျော်သည် ကလေးလုပ်သားများဖြစ်နေရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) က ပြီးခဲ့သည့် ဇွန်လကဆိုထားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကားလမ်းပေါ်တွင် လဲကျနေသည့် အမျိုးသားတစ်ဦး ကားကြိတ်ခံရ၍ ဦးခေါင်းပွင့်ထွက်သေဆုံးမှု သုဝဏ္ဏပန်းခြံအနီးတွင်ဖြစ်ပွား
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း