အမေရိကန်ထောက်လှမ်းရေးလေယာဉ် ဆင်းသက်ရန်ကြိုးပမ်းချိန်အတွင်း ပြေးလမ်းကိုကျော်ကာ ပင်လယ်ထဲသို့ ပျက်ကျ
Pika (NSS) - နိုဝင်ဘာ ၂၁
နိုဝင်ဘာလ(၂ဝ)ရက် ညနေပိုင်းတွင် အမေရိကန်ရေတပ်မှ ထောက်လှမ်းရေးလေယာဉ်တစ်စင်းသည် ဟာဝိုင်အီ ကျွန်းရှိ မရိန်းတပ်စခန်းတစ်ခုတွင် ဆင်းသက်ရန် ကြိုးပမ်းခဲ့ပြီးနောက် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ပျက်ကျခဲ့ ကြောင်း အမေရိကန်စစ်တပ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
P-8A Poseidon လေယာဉ်သည် Kaneohe ပင်လယ်အော်ရှိ မရိန်းတပ်စခန်းတစ်ခု၏ ပြေးလမ်းတွင် ဆင်းသက်ရန် ကြိုးပမ်းခဲ့သော်လည်း ပြေးလမ်းကိုကျော်ကာ ပင်လယ်ထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း မရိန်းတပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ Gunnery Sgt. Orlando Perez က ပြောကြားခဲ့သည်။
အဆိုပါလေယာဉ်ပေါ်တွင် လိုက်ပါလာသော အမှုထမ်း(၉)ဦးစလုံး အသက်ရှင်ခဲ့ပြီး ကမ်းစပ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ဟိုနိုလူလူမြို့ အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဌာနများက ပြောကြားခဲ့သည်။
ဒေသတွင်းမီဒီယာများမှ ဖော်ပြထားသော ဓါတ်ပုံများနှင့် ဗီဒီယိုဖိုင်များတွင် ဆင်းသက်မှု မအောင်မြင်ခဲ့ပြီးနောက် Kaneohe ပင်လယ်အော်ရေတိမ်ပိုင်းတွင် မျောပါနေသည့် လေယာဉ်ကို တွေ့မြင်ခဲ့ရသည်။ အမေရိကန်စစ်တပ်မှ တာဝန်ရှိသူများသည် အဆိုပါမတော်တဆမှုဖြစ်ပွားရခြင်း အကြောင်းအရင်း အပါအဝင် အသေးစိတ်အချက် အလက်များကို အနည်းငယ်သာထုတ်ဖော်ပြောကြားခဲ့သော်လည်း လေယာဉ်ကို ပြန်လည်ဆယ်ယူမည့်အချိန်အား ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။
အဆိုပါမတော်တဆမှုဖြစ်ပွားသည့်အချိန်တွင် တိမ်ထူပြီး မိုးရွာနေကာ ရှေ့သို့မြင်နိုင်စွမ်းမှာ (၁)မိုင်ခန့်သာရှိ ကြောင်း ဟိုနိုလူလူမြို့ အမျိုးသားမိုးလေဝသဌာန ပညာရှင် Thomas Vaughan က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျိုးဘိုင်ဒန် အမေရိကန်သမ္မတအဖြစ် ဆက်လက်တာဝန်ယူမယ့်အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု စိုးရိမ်မှု မြင့်တက်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ