ဂျိုးဘိုင်ဒန် အမေရိကန်သမ္မတအဖြစ် ဆက်လက်တာဝန်ယူမယ့်အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု စိုးရိမ်မှု မြင့်တက်နေ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၁
အမေရိကန်နိုင်ငံသားအများစုဟာ သမ္မတဂျိုးဘိုင်ဒန်ရွေးကောက်ပွဲ ယှဉ်ပြိုင်ကာ သမ္မတအဖြစ်တစ်ကျော့ပြန် တာဝန်ယူမှာကို စိုးရိမ်မှုမြင့်တက်နေကြောင်း မကြာသေးမီကပြုလုပ်ခဲ့တဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဂျိုးဘိုင်ဒန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ဝ ရက်က အသက် ၈၁ နှစ်ပြည့်သွားပြီး လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရကာ သမ္မတအဖြစ်တာဝန်ထမ်းဆာင် ပြီးချိန်မှာ ၎င်းရဲ့အသက်က ၈၆ နှစ်အရွယ်ရှိနေမှာဖြစ်ကြောင်း သိရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတသမိုင်းမှာ အသက်အကြီးဆုံးသမ္မတအဖြစ် စံချိန်တင်ခဲ့ပြီး လာမယ့်သမ္မတ သက်တမ်းမှာ ထပ်မံတာဝန်ယူခွင့်ရမယ်ဆိုပါက ၎င်းရဲ့အသက်အရွယ်နဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေများကို စိုးရိမ် နေခြင်းဖြစ်ကြောင်း သိရပါတယ်။
ရိုက်တာသတင်းဌာနှင့် Ipsos poll တို့ ပူးပေါင်းပြီး စက်တင်ဘာလအတွင်းပြုလုပ်တဲ့ စစ်တမ်းမှာ အမေရိကန် နိုင်ငံသားအများစုက ဂျိုးဘိုင်ဒန်ရဲ့အသက်အရွယ်နဲ့ ကြံ့ခိုင်မှုများအပေါ် စိုးရိမ်မှုမြင့်တက်ခဲ့ကြောင်း ဖြေဆိုခဲ့ပါ တယ်။ စစ်တမ်းဖြေဆိုသူတွေထဲမှာပါဝင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီဝင်များ အပါအဝင် စစ်တမ်းဖြေဆိုသူ အားလုံးရဲ့ ၇၇ ရာခိုင်နှုန်းက ဂျိုးဘိုင်ဒန်ဟာ သမ္မတအဖြစ် ဆက်လက်တာဝန်ယူဖို့ အသက်အရမ်းကြီးလွန်းနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တမ်းဖြေဆိုသူ ၃၉ ရာခိုင်နှုန်းကျော်ကသာ ဂျိုးဘိုင်ဒန်ဟာ သမ္မတအဖြစ် ဆက်လက်တာဝန်ယူဖို့ စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှုရှိသည်ဟု ဖြေဆိုထားပါတယ်။ အဆိုပါစစ်တမ်းထဲမှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ထပ်မံယှဉ်ပြိုင်မယ့် သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့အသက်အရွယ်နဲ့ပတ်သက်ပြီး စိုးရိမ်မှုဖြစ်နေ တဲ့အရေအတွက်ဟာ ဂျိုးဘိုင်ဒန် နဲ့ နှိုင်းယှဉ်ရင်လျော့နည်းနေကြောင်း သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ လက်ရှိ အချိန်မှာ အသက် ၇၇ နှစ်အရွယ်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၂၁ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ် သတင်းထူးများ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း