မရမ်းကုန်းမြို့နယ်တွင် ကားလေးစီးဆင့်တိုက်မှုကြောင့် အမျိုးသား (၃)ဦး ထိခိုက်ဒဏ်ရာရ
စော (NSS) - နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ကားလေးစီးဆင့်တိုက်မှုကြောင့် အမျိုးသား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာလ ၂၀ ရက်)၊ မွန်းလွဲ (၂)နာရီဝန်းကျင်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာလမ်း ၊ ဥက္ကလာဂေါက်ကွင်းရှေ့၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မေတ္တာသီတာရေစင် ပရဟိတအသင်းထံမှ သိရသည်။
“အိမ်စီးကားလေးက လမ်းပြောင်းပြန်ကျော်လာတာ ကျော်လာတော့ လမ်းမှန်လာတဲ့ HIJET ကားကို တိုက်လိုက်တာပါ။ အဲဒီကနေ ကျန်တဲ့ကားတွေနဲ့ဘယ်လိုဖြစ်ပြီး တိုက်မိလဲတော့ မသိဘူး။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ယာဉ်တိုက်မှုကဖြစ်ပြီးသွားလို့ လူနာတွေကို ဆွဲထုတ်ပြီးသွားပြီ”ဟု မေတ္တာသီတာရေစင်ပရဟိတအသင်းက NSS ကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဉ်ပေါ်မှ အမျိုးသား(၂)ဦးနှင့် အိမ်စီးကားပေါ်မှ အမျိုးသား(၁)ဦး စုစုပေါင်း (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါထိခိုက်ဒဏ်ရာရရှိသူများကို မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
TNLA နှင့် PDF အဖွဲ့က ထိန်းချုပ်ထားသော နောင်ချိုမြို့နယ်ရှိ ဒိုပင်ရဲစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ