TNLA နှင့် PDF အဖွဲ့က ထိန်းချုပ်ထားသော နောင်ချိုမြို့နယ်ရှိ ဒိုပင်ရဲစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိ
မြူနစ် (NSS) - နိုဝင်ဘာ ၂၀
TNLA နှင့် MDY PDF အဖွဲ့က ထိန်းချုပ်ထားသော နောင်ချိုမြို့နယ်ရှိ ဒိုပင်ရဲစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ဘက်က ယမန်နေ့(နိုဝင်ဘာလ ၁၉ ရက်)၊ ည ၉ နာရီအချိန်တွင် ပေါင်(၅၀၀)ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLA ဘက်က သတင်းထုတ်ပြန်ထားသည်။
အဆိုပါဒိုပင်ရဲစခန်းကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA နှင့် MDY PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ကာ ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ရဲစခန်းအတွင်းရှိ စစ်သုံးပန့်များအပါအဝင် (၄)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိ သူအများအပြားရှိခဲ့ကြောင်းလည်း TNLA က သတင်းထုတ်ပြန်ထားသည်။
သို့သော် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က လက်ရှိအချိန်ထိ တစ်စုံတစ်ရာထုတ်ပြန် ပြောဆိုခြင်းမျိုး မရှိသေးပေ။
ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA ပူးပေါင်းအဖွဲ့သည် မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တံတားများအပါအဝင် လမ်းပိုင်းများကို မိုင်းခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့ဖူးသည်။
လက်ရှိတွင် တပ်မတော်အနေဖြင့် နိုင်ငံတော် အမြန်ဆုံးပြန်လည်တည်ငြိမ်အေးချမ်းရေးအတွက် သောင်းကျန်းသူများကို အမြန်ဆုံးချေမှုန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း နစကဘက်က ထုတ်ဖော်ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၂ဝ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း