ဝါယာရှော့ဖြစ်၍ လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးမှု အင်းစိန်မြို့နယ်၌ ဖြစ်ပွား
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ လူနေအိမ်(၂)လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယမန်နေ့(နိုဝင်ဘာ ၁၈ ရက်)၊ ည ၇ နာရီ ၃ဝ မိနစ် ဝန်းကျင်အချိန်တွင် အင်းစိန်မြို့နယ်၊ မြို့သစ် (က/ခ) ရပ်ကွက်၊ (ခ/၉)လမ်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မီးစလောင်တဲ့ အိမ်က အရက်ရောင်းတဲ့အိမ်လို့သိရတယ်။ အဲဒီအိမ်မှာက အဖွားအိုတစ်ဦးနဲ့ ပိုင်ရှင် အမျိုးသား တစ်ဦးပဲရှိနေတဲ့အချိန်မှာ ဝါယာရှော့ဖြစ်ပြီး မီးစလောင်တာပါ။ အဲဒီကနေမှ ဘေးနားက စက်ဘီးတွေရောင်းတဲ့ အိမ် ကိုဆက်ပြီး လောင်တာပေါ့” ဟု တွဲလက်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ မီးလောင်မှုတွင် လူနေအိမ်(၂)လုံး မီးလောင်ပျက်စီးသွားခဲ့ပြီး မီးစတင်လောင်ကျွမ်းသည့်နေအိမ်မှ အသက် (၇ဝ)အရွယ် အဖွားတစ်ဦး နှင့် အသက်(၁၉)နှစ်အရွယ် အမျိုးသားတစ်ဦးတွင် မီးလောင်ဒဏ်ရာအနည်းငယ်ရရှိခဲ့ ကြောင်း သိရသည်။
“မီးစလောင်တဲ့ အိမ်ကအဖွားနဲ့ ကောင်လေးတစ်ယောက်တော့ မီးလောင်ဒဏ်ရာ နည်းနည်းစီရကြတယ်။ ဆေးရုံ တော့ မပို့လိုက်ရပါဘူး။ အိမ်(၂)လုံးကတော့ အကုန်လောင်သွားတာ။ အရိုးတံပဲကျန်တယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
အဆိုပါမီးလောင်မှုကို မီးသတ်တပ်ဖွဲ့နင့် လူမှုကူညီရေးအသင်းများက (၁)နာရီခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာနှင့် မီးသတ်တပ်ဖွဲ့မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (EMBF) နှင့် အာမခံလုပ်ငန်းဆိုင်ရာမဟာဘွဲ့ (MI) Online သင်တန်းများအတွက် သင်တန်းသားများ ခေါ်ယူနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ