မြိုင်မြို့ပေါ်ရှိ အထက်တန်းကျောင်းသို့ PDF အဖွဲ့က ပစ်ခတ်သော Drop Bomb များကျရောက်ပေါက်ကွဲမှုကြောင့် ဆရာမ နှစ်ဦး၊ ကျောင်းသူ နှစ်ဦး ထိခိုက်ဒဏ်ရာရ
NSS - နိုဝင်ဘာ ၁၇
မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အထက်တန်းကျောင်းသို့ PDF အဖွဲ့က ပစ်ခတ်သော Drop Bomb များကျရောက်ပေါက်ကွဲမှုကြောင့် ဆရာမ နှစ်ဦး၊ ကျောင်းသူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော နိုဝင်ဘာလ ၁၄ ရက်၊ နံနက် ၁၀ နာရီ ၁၅မိနစ်ခန့်က မြိုင်မြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းသို့ PDF အဖွဲ့က ရှော့တိုက်ဒုံးအပြင် Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၏ သပြေဆောင်ပေါ်သို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးသီးများကျရောက်ပေါက်ကွဲမှုကြောင့် မြိုနယ်ပြည်သူ့ဆေးရုံ၏ အမိုးသွပ်(၁၁)ချပ်၊ မျက်နှာကြက်(၄)ချပ်ပျက်စီးသွားခဲ့ပြီး စာသင်ကျောင်းဝန်းရှိ သပြေဆောင်၏ အမိုးသွပ် (၁၀)ချပ်၊ မျက်နှာကြက်(၁၂)ချပ်နှင့် ကျောက်သင်ပုန်း(၁)ချပ်တို့လည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျောင်းအတွင်းရှိနေသည့် လက်ထောက်မူလတန်းပြ ဆရာမဖြစ်သူ ဒေါ်သလ္လာခင်(၃၁)နှစ်၊ မူလတန်းပြဆရာမတစ်ဦးဖြစ်သည့် ဒေါ်မြမြထွေး(၅၂)နှစ်၊ Grade-5 ကျောင်းသူများဖြစ်သည့် မနွေးနွေးရတီသော်(၁၁)နှစ်နှင့် မသွယ်သွယ်ဝင်း(၁၂)နှစ်တို့တွင် ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား မြိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားရပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ အရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သော ဇူလိုင်လ ၁၂ ရက်ကလည်း အဆိုပါကျောင်းသို့ PDF အဖွဲ့က Drone ဖြင့် Drop Bomb(၂)လုံးပစ်ချတိုက်ခိုက်ခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသကိုတိုက်ခိုက်ရာမှာ အရပ်သားတွေထိခိုက်မှုနည်းအောင် လုပ်ဆောင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဟု အစ္စရေးဝန်ကြီးချုပ်ပြော
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း