ဇင်ဘာဘွေနိုင်ငံတွင် ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၂၂)ဦး သေဆုံး
Pika (NSS) - နိုဝင်ဘာ ၁၆
ဇင်ဘာဘွေနိုင်ငံ နှင့် တောင်အာဖရိကနိုင်ငံ နယ်စပ်တို့ကို ဆက်သွယ်ထားသော အဝေးပြေးလမ်းမပေါ်တွင် မီနီဘတ်စ်ကားတစ်စီး နှင့် ထရပ်ကားတစ်စီးတို့ တိုက်မိခဲ့ပြီးနောက် အနည်းဆုံးလူ(၂၂)ဦး သေဆုံးခဲ့ပြီး အခြားလူ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇင်ဘာဘွေရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Bulawayo-Beitbridge လမ်းမပေါ်တွင် ခရီးသည်(၂၁)ဦး တင်ဆောင်လာသော မီနီဘတ်စ်ကားနှင့် ခရီးသည် တစ်ဦး လိုက်ပါလာသော ထရပ်ကားတို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ အဆိုပါ မတော်တဆမှုကြောင့် ဘေးလူများ သေဆုံး/ထိခိုက်ဒဏ်ရာရရှိခြင်း ရှိ/မရှိကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မတော်တဆမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူနှစ်ဦးသည် Bulawayo မြို့တွင် ဆေးကုသမှုများခံယူနေကြောင်း အာဏာပိုင်များက ပြောခဲ့သည်။ ဇင်ဘာဘွေနိုင်ငံတွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များသည် ယာဉ်များကို ဝန်ပိုတင်ထားသော မောင်းနှင်ကြသည့်အတွက် ပြစ်တင် ဝေဖန်မှုများရှိနေကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန် နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားစစ်ဘက် သတိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ