လားရှိုးမြို့တွင် မူးယစ်ဆေးအလွန်အကျွံသုံးစွဲပြီး သေဆုံးနေသည့် အမျိုသား(၂)ဦးအလောင်းတွေ့ရှိ
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲပြီး သေဆုံးနေသည့် အမျိုးသား(၂)ဦးအလောင်းများအားတွေ့ရှိခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယမန်နေ့(နိုဝင်ဘာလ ၁၅ ရက်)၊ နံနက် ၇နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၅)၊ ခိုင်ရွှေဝါလမ်း၊ ဂျိမ်းဖော်သူစားသောက်ဆိုင်အနီးတွင် တစ်ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ အဆိုပါနေ့ ညနေ ၄ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ဟူးမွန်ကျေးရွာအုပ်စု၊ မန်နားကျေးရွာ၊ ဘဝသစ် လူငယ်ပြုစုထူထောင်ရေး ပရဟိတဂေဟာ အနီးတွင် တစ်ဦးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
“သေဆုံးသူတွေက မူးယစ်ဆေးလွန်ပြီး သေကြတဲ့လူတွေပါ။ ဘယ်ကလာတဲ့လူတွေဆိုတာလဲသေချာမသိရပါဘူး။ မိသားစုနဲ့လဲ အဆက်အသွယ်မရသေးဘူး”ဟု လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါသေဆုံးသူအမျိုးသား(၂)ဦးသည် အသက်(၃၅)နှစ်ဝန်းကျင်နှင့် အသက်(၄၅)နှစ်ဝန်းကျင်အရွယ်များဖြစ်ကြပြီး လက်ရှိအချိန်ထိ မိသားစုနှင့်အဆက်သွယ်မရရှိသေးကြောင်း သိရသည်။
“အရင်တည်းက ဒီမှာက မူးယစ်ဆေးစွဲပြီးသေတဲ့လူတွေခဏခဏကိုတွေ့ရတယ်။ ဘယ်ကရောက်လာကြမှန်းလဲမသိကြဘူး။ ခုလို လမ်းဘေးတွေမှာ သေကြတာတွေများတယ်။ မူးယစ်ဆေးအလွန်အကျွံသုံးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက လုပ်ဆောင်နေတာတွေတော့ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုသား(၂)ဦး၏ ရုပ်အလောင်းများအား လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ လားရှိုးမြို့နယ်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံ Shanxi ပြည်နယ်တွင် အဆောက်အဦးတစ်ခု မီးလောင်ကျွမ်းခဲ့ပြီး အနည်းဆုံးလူ(၂၆)ဦး သေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ