KNPP နှင့် PDF အဖွဲ့တို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လွိုင်ကော်တက္ကသိုလ်၌ဖြေဆိုမည့် အဝေးသင်တက္ကသိုလ် တတိယအသုတ်စာမေးပွဲများအား ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း
ကျော်(NSS) - နိုဝင်ဘာ ၁၄
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ဖြစ်ပေါ်လျက်ရှိသည့် KNPP နှင့် PDF အဖွဲ့တို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လွိုင်ကော်တက္ကသိုလ်၌ဖြေဆိုမည့် အဝေးသင်တက္ကသိုလ် တတိယအသုတ်စာမေးပွဲများအား နိုဝင်ဘာလ ၁၃ ရက်မှစတင်၍ ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ကြောင်း နစကမှထုတ်ပြန်ထား သည်။
အဝေးသင်တက္ကသိုလ် တတိယအသုတ်စာမေးပွဲများအား လွိုင်ကော်တက္ကသိုလ်တွင် နိုဝင်ဘာလ ၁၃ ရက်မှစတင်၍ ဖြေဆိုရမည်ဖြစ်သော်လည်း KNPP နှင့် PDF အဖွဲ့တို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
"လွိုင်ကော်တက္ကသိုလ်မှာ မနေ့ကစပြီး အဝေးသင်စာမေးပွဲဖြေဖို့ရှိတယ်။ ဒါပေမယ့် မနေ့က ပစ်ခတ်တာတွေ အတော်များများဖြစ်သွားတဲ့အတွက် စာမေးပွဲဖြေရမယ့်ရက်ကိုရွှေ့လိုက်တယ်လို့သိရတယ်။ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဘေးလွတ်ရာရွှေ့ပေးဖို့ လိုအပ်တာတွေဝိုင်းကူပေးခဲ့တယ် လွိုင်ကော်တက္ကသိုလ်ကတော့ လက်နက်ကြီးထိထားတာတွေ ကျည်ထိထားတာတွေအတော်များများတွေ့ခဲ့ရတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
KNPP နှင့် PDF အဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၃ ရက်၊ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်က လွိုင်ကော်တက္က သိုလ်အား လက်နက်ကြီး၊ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
ထို့ပြင် လွိုင်ကော်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပညာရေးဆိုင်ရာဝန်ထမ်းများနှင့်ကျောင်းသား၊ကျောင်းသူများအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဘေးကင်းရာသို့ပို့ဆောင်ပေးခဲ့ကြပြီး အဝေးသင်တက္ကသိုလ်စာမေးပွဲဖြေဆိုရမည့်ရက်ကိုလည်း ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ အဝေးသင်တက္ကသိုလ်စာမေးပွဲဖြေဆိုရမည့်ရက်အား ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းခဲ့ရသဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးနှောင့်နှေးကြန့်ကြာမှုများကြုံတွေ့နေရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တန်ဆောင်တိုင်ကာလတွင် (၃)ရက်တိုင်တိုင် နေ့စဥ် ဆီမီး ၉၀၀၀ ဖြင့် ပူဇော်မည်
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း