Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အင်းတော်မြို့နယ်ရှိ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ (၁၀)ဦးထက်မနည်းကို PDF အဖွဲ့ဝင်များ ဖမ်းဆီးထားဟုဆို

မြူနစ် (NSS) - နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ (၁၀)ဦးထက်မနည်းကို PDF အဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း ပညာရေးဝန်ထမ်းအသိုင်းအဝိုင်းက NP News ကိုပြောသည်။


အင်းတော်မြို့ရှိ အခြေခံပညာကျောင်းများ၌ တွဲဖက်သင်ကြားပေးနေသော မော်လူးဒေသတွင် နေထိုင်သည့် ဆရာမ(၁၃)ဦးသည် ယခုရက်ပိုင်းအတွင်း PDF အဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်ဟု အထက်ပါအသိုင်းအဝိုင်းက ‌ပြောသည်။

“အင်းတော်မြို့ပေါ်မှာတွဲထားတဲ့ ဆရာမတွေပါ။ မော်လူးဘက်ကလို့ပြောပါတယ်။ မော်လူးဘက် အပြန်လမ်းမှာ အင်းတော်နဲ့ မော်လူးကြားမှာရှိတဲ့ ပင်ဝယ်ဆိုတဲ့ရွာနားမှာ အဖမ်းခံရတယ်လို့ သိရပါတယ်။ စုစုပေါင်း ဆရာမ(၁၃)ဦး အဖမ်းခံရတာလို့ သိရတယ်”ဟု အင်းတော်မြို့ရှိ ပညာရေးဝန်ထမ်းတစ်ဦးက NSS ကို ပြောသည်။

ထို့ပြင် ကသာမြို့၊ အင်းတော်မြို့နှင့် ဗန်းမောက်မြို့ရှိ ပညာရေးဝန်ထမ်းများအနေဖြင့် စိုးရိမ်မှု၊ မလုံခြုံမှုများနှင့် ရင်ဆိုင်ဖြတ်သန်းနေရလျက်ရှိကြောင်းလည်း ၎င်းက ထပ်မံပြောသည်။

အလားတူ PDF အဖွဲ့သည် အင်းတော်နှင့် ဗန်းမောက်တို့ရှိ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများကိုလည်း ခြိမ်းခြောက်နေမှုများရှိကြောင်း သိရသည်။

“သတင်းတွေ ထပ်ကြားရတာတော့ မကောင်းဘူး။ အင်းတော်မှာ အဖမ်းခံရတဲ့ ဆရာ၊ ဆရာမစာရင်းက (၃၀)ကျော်သွားပြီလို့လည်း သိရတယ်။ ဗန်းမောက်မှာလည်း Non CDM ဆရာ၊ ဆရာမတွေကို ဖမ်းမယ်သတင်းထွက်နေလို့ တော်တော်များများက နေရာပြောင်းအိပ်နေကြရတယ်”ဟု ဗန်းမောက်မြို့မှ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျောင်းဆရာတစ်ဦးက NSS ကို ပြောသည်။

ထိုသို့ ဖမ်းဆီးခံရသည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၏ အခြေအနေနှင့်ပတ်သက်၍ နစကဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ပြောခြင်းမျိုး မရှိသေးပေ။

အလားတူ ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်ရှိ ဆရာမ (၄)ဦးနှင့် အမျိုးသား (၆)ဦးသည်လည်း PDF အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

လက်ရှိ နစကအစိုးရလက်ထက်၌ အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုများကြောင့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ (၁၀၀)နီးပါးခန့် သေဆုံးခဲ့ရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗြိတိန်ဝန်ကြီးချုပ်က ပါလက်စတိုင်းထောက်ခံပွဲနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်မှတ်ချက်စကားတွေပြောခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးကို ရာထူးမှ ထုတ်ပယ်

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved