မိုင်းဆတ်မြို့ရှိ အမှတ်(၃၄၆)စစ်လက်နက်ပစ္စည်းတပ်ခွဲ ယမ်းတိုက် မီးလောင်ကာပေါက်ကွဲမှုဖြစ်ပွား
ကျော် (NSS) - နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ အမှတ် (၃၄၆)စစ်လက်နက်ပစ္စည်းတပ်ခွဲ ယမ်းတိုက်တွင် ယမန်နေ့ (နိုဝင်ဘာလ ၁၂ ရက်)ညပိုင်းက မီးလောင်ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ည ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့၊ မိုင်းဆတ်တပ်နယ်ရှိ အမှတ်(၃၄၆)စစ်လက်နက်ပစ္စည်းတပ်ခွဲယမ်းတိုက်၏ လက်နက်ငယ်မျိုးစုံကျည်များ၊ ဖောက်ခွဲဖျက်ဆီးရေးသုံးပစ္စည်းများ၊ အကူယမ်းထုပ်များ၊ ၈၀ မမ လေကွဲခွင်းဒုံးကျည်များသိုလှောင်ထားသည့် ခဲယမ်းတိုက်တစ်လုံးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
"အပြင်မှာသတင်းတွေထွက်နေသလို Drone နဲ့တိုက်ခိုက်ခံရတာမဟုတ်ပါဘူး။ ယမ်းတိုက်ရဲ့အပူချိန်က အနိမ့်ဆုံးအပူချိန် ၇၄ ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးအပူချိန် ၇၈ ဒီဂရီဖာရင်ဟိုက်ဖြစ်ပါတယ်။ အခုကလည်း ခဲယမ်းတိုက်ထဲမှာအပူများပြီး မီးလောင်တယ်။ မီးလောင်ပြီးမှပေါက်ကွဲတာပါ"ဟု လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
မီးလောင်မှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၉ နာရီကျော်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
"ဖြစ်စဥ်ကိုတာဝန်ရှိတဲ့လူတွေက စစ်ဆေးနေတယ်။ ဘယ်လောက်ဆုံးရှုံးသွားတယ်ဆိုတာကိုတော့ အသေးစိတ်စစ်ဆေးပြီးမှ သိရလိမ့်မယ်"ဟု လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
လက်နက်/ခဲယမ်းများ မီးလောင်မှုနှင့်ပေါက်ကွဲမှုဖြစ်စဥ်တွင် လူသေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူဖို့ ဖင်လန် နဲ့ အစ္စရေးစစ်ဘက်ကြား သဘောတူညီမှုရရှိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ