လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူဖို့ ဖင်လန် နဲ့ အစ္စရေးစစ်ဘက်ကြား သဘောတူညီမှုရရှိ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၃
ဖင်လန်နိုင်ငံဟာ အစ္စရေးနိုင်ငံထံကနေ ဒေးဗစ်စလင်းအမည်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ဝယ်ယူဖို့ သဘောတူညီမှုရရှိခဲ့ကြောင်းသိရပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ဖင်လန်နိုင်ငံထံ အမေရိကန်ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ရောင်းချပေးဖို့ သဘောတူညီစာချုပ်လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ အကွာအဝေး ၄၀ ကီလိုမီတာကနေ ၃၀၀ ကီလိုမီတာအတွင်းကနေ ပစ်ခတ်လိုက်တဲ့ ရော့ကတ်ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်စွမ်းရှိကြောင်း သိရပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက "ဒေးဗစ်စလင်း လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ တိုက်လေယာဉ်တွေ၊ ဒရုန်းတွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်စွမ်းရှိတဲ့ ကမ္ဘာ့အကောင်းဆုံးလေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုဖြစ်ပါတယ်။ အဲဒီလေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ စစ်ပွဲတွေထဲမှာ စွမ်းဆောင်ရည်မြင့်မားစွာနဲ့ အစွမ်းပြနိုင်ပါတယ်"လို့ပြောပါတယ်။
ဖင်လန်နိုင်ငံဟာ ပြီးခဲ့တဲ့ ဧပြီလတည်းက အဲဒီလေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဝယ်ယူဖို့ရည်ရွယ်ခဲ့ကြောင်း ဖင်လန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ အဲဒီလေကြောင်းရန်ကာကွယ်ရေးစနစ်ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ပေမယ့် လက်တွေ့စစ်ပွဲတွေမှာအသုံးပြုမှုနည်းပါးခဲ့ကြောင်း၊၂၀၂၃ ခုနှစ်မေလမှာ ဂါဇာဒေသကနေ အစ္စရေးနိုင်ငံဘက်ခြမ်းကို ပစ်လိုက်တဲ့ ဒုံးကျည်တွေကို ပထမဆုံးအကြိမ်ကာကွယ်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးစစ်တပ်ဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့လက်ရှိ ဖြစ်ပွားနေတဲ့စစ်ပွဲမှာလည်း အဆိုပါလေကြောင်းရန်ကာကွယ်ရေးကာကွယ်ရေးစနစ်ကို အောက်တိုဘာလ ၇ ရက်နောက်ပိုင်းကတည်းကအသုံးပြုနေခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ်၌ တစ်ကျော့ပြန်စစ်ပွဲကို AA အဖွဲ့ ပြန်လည်ဖော်ဆောင်၊ နယ်ခြားစောင့်ရဲကင်းစခန်းများ တိုက်ခိုက်ခံနေရ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း