Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရခိုင်ပြည်နယ်၌ တစ်ကျော့ပြန်စစ်ပွဲကို AA အဖွဲ့ ပြန်လည်ဖော်ဆောင်၊ နယ်ခြားစောင့်ရဲကင်းစခန်းများ တိုက်ခိုက်ခံနေရ

မြူနစ် (NSS) - နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ်၌ တစ်ကျော့ပြန်စစ်ပွဲများကို AA လက်နက်ကိုင်အဖွဲ့ ပြန်လည်ဖော်ဆောင်နေပြီး အစိုးရ၏ နယ်ခြားစောင့်ရဲကင်းစခန်းများ တိုက်ခိုက်ခံနေရကြောင်း သတင်းရရှိသည်။


ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA သည် ယနေ့(နိုဝင်ဘာလ ၁၃ ရက်)၊ နံနက် ၅ နာရီအချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်နှင့် မင်းပြားမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲကင်းစခန်းများကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရသေ့တောင် အငူမော်ဘက်ခြမ်းမှာရှိတဲ့ ကိုးတန်ကောက်တို့ဘက်မှာ တိုက်ပွဲဖြစ်နေတာပါ။ ရဲကင်းစခန်းတွေက အဲဒီဘက်မှာ တစ်နေရာနဲ့တစ်နေရာ (၃)မိုင်လောက်အတွင်းမှာ ဆက်တိုက်ရှိတယ်လေ။ အဲဒါတွေ အတိုက်ခံရနေတယ်လို့ သိရတယ်။ ရသေ့တောင်ဘက်က တပ်ကတော့ အမြောက်နဲ့ပစ်ပေးနေတယ်လို့တော့ သိရတယ်”ဟု ရခိုင်ပြည်နယ်လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့တွင် တစ်ဖွဲ့အပါအဝင်ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတိုက်ပွဲများတွင်လည်း ပါဝင်တိုက်ခိုက်ပေးလျက်ရှိသည်။

ထိုသို့ ရခိုင်ပြည်နယ်၌ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာသည့်တိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထုအနေဖြင့် စားရေရိက္ခာများကို ဈေးကြီးပေးကာ အလုအယက်ဝယ်ယူစုဆောင်နေမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“စစ်မီးက ဒီဘက်ကို ကူးပြီဆိုရင် ရခိုင်လူထုကတော့ စစ်ဘေးဒုက္ခသည် ပိုများလာမှာပေါ့။ ဒါပထမတစ်ချက်ပေါ့။ ဒုတိယ တစ်ချက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံအနှံ့မှာ ဖြစ်နေတော့ ရှမ်းမြောက်ရဲ့ အဆက်လို့လည်း ပြောကြမှာပေါ့။ ရှမ်းစစ်မြေပြင်ရဲ့ တိုက်ပွဲအနေအထားကို ပြောင်းစေဖို့ ရခိုင်ဒေသမှာ တိုက်ပွဲဖော်ကြတာလားဆိုတာ မေးခွန်းတစ်ခုဖြစ်လာမှာပေါ့”ဟု နိုင်ငံရေးသမားတစ်ဦးက NSS ကို သုံးသပ်ပြောကြားသည်။

ရခိုင်ပြည်နယ်၌ တပ်မတော် နှင့် AA လက်နက်ကိုင်အဖွဲ့ကြားတွင် ပြီးခဲ့သော ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း၌ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီးနောက် လက်ရှိအချိန်တွင် AA ဘက်က ချိုးဖောက်ကာ တိုက်ပွဲများကို တစ်ကျော့ပြန် ပြန်လည်ဖော်ဆောင်ခြင်းမျိုး ဖြစ်သည်။

“ရခိုင်မှာ ဒုတိယတစ်ကြိမ် အပစ်အခတ်ရပ်စဲတာကို တစ်ဖက်ဖက်က ဖျက်ပြီးဖြစ်လာတဲ့ စစ်ပွဲကြီးက အလွန်တရာကျယ်ပြန့်နိုင်တယ်” ဟု ၎င်းကသုံးသပ်ထားသည်။

၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း၌ ရခိုင်ပြည်နယ်တွင် တပ်မတော် နှင့် AA လက်နက်ကိုင်အဖွဲ့တို့ကြား တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ဖူးပြီး တိုက်ပွဲဖြစ်ပွားချိန် (၄)လခန့်ကြာပြီးနောက်ပိုင်းတွင် နိုင်ငံတကာ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် နှစ်ဖက်အပစ်အခတ်ရပ်စဲခဲ့ကြသည်။

လက်ရှိအချိန်သည် ရခိုင်ပြည်နယ်၌ စပါးများရိတ်သိမ်းချိန်ဖြစ်သည့်အတွက် ဒေသခံရခိုင်လူထုအနေဖြင့် စစ်ပွဲများကို လိုလားမှုမရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။ 

ထို့ပြင် ရခိုင်ပြည်နယ်၌ ယနေ့နံနက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကုန်လမ်း၊ ရေလမ်း လမ်းကြောင်းများကိုလည်း ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်တွေမြို့၌ သမီးရည်းစားစုံတွဲ ဓားထိုးခံရ၍ ထိခိုက်ဒဏ်ရာများစွာရရှိ

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved