စစ်တွေမြို့၌ သမီးရည်းစားစုံတွဲ ဓားထိုးခံရ၍ ထိခိုက်ဒဏ်ရာများစွာရရှိ
စော (NSS) - နိုဝင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲ ဓားထိုးခံရ၍ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာလ ၁၂ရက်)တွင် စစ်တွေမြို့၊ စစ်တွေဟိုတယ်အနီး၌ အထက် ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းထံမှ သိရသည်။
“ကျွန်တော်တို့သွားတဲ့အချိန်က သူတို့ကလဲနေတာ။ အဲဒီနေရာက မှောင်မည်းနေလို့ သူတို့ကို ထိုးလိုက်တဲ့လူကို မသိလိုက်ဘူးတဲ့။ သူတို့က အတွဲပါ။ သူတို့က အဲဒီနေရာမှာ သွားချိန်းတွေ့တာပါ။ ပစ္စည်းတွေဘာတွေတော့ မပါသွားပါဘူး”ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဓားထိုးခံရမှုကြောင့် သမီးရည်းစားစုံတွဲတွင် ထိုးသွင်းဒဏ်ရာ (၃)ချက်စီရရှိခဲ့ကြောင်း ၎င်းကပြောသည်။
ဓားထိုးခံရသည့် အမျိုးသားသည် မောင်ဖြိုးသန့်အောင် (၂၉)နှစ်ဖြစ်ပြီး အမျိုးသမီးသည် မငြိမ်းစုဝေ (၂၅)နှစ်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့ကို စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး အမျိုးသားသည် စိုးရိမ်ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီပေါနှင့်ကျောက်မဲကြားရှိ ကျင်သီတံတား ကျိုးကျပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူများအတွက် သွားလာရေးအခက်အခဲဖြစ်ပေါ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ