Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်တိုင်းရှိ မြို့နယ်(၆)ခု၌ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ

သန့်ဇင် (NSS) - နိုဝင်ဘာ ၁ဝ

ရန်ကုန်တိုင်းရှိ မြို့နယ်(၆)ခု၌ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။


ပြီးခဲ့သော (နိုဝင်ဘာ ၈ ရက်)၊ ညနေ ၅ နာရီ ၃ဝ မိနစ်တွင် မရမ်းကုန်းမြိုနယ်၊ (၅)ရပ်ကွက်၊ အောင်ဇေယျလမ်းတွင် စတင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းတွင် လမ်းလျှောက်လာသူ ကိုကောင်းမြတ်(၄၃)နှစ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စစ်ဆေးရှာဖွေခဲ့ရာ လွယ်အိတ်အတွင်းမှ ငွေကျပ်သိန်း(၁ဝ၆)သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၁ဝ၆ဝဝ) ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ဆက်လက်ဖော်ထုတ်ချက်အရ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ကိုမင်းမင်းသန့်(၄၂)နှစ် နှင့် မအိသန္တာဆွေ (၂၂)နှစ် တို့အား  (၅)ရပ်ကွက်တွင် TOYOTA CALDINA ကားတစ်စီး နှင့် ငွေကျပ်(၂၆)သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ဝဝဝ ပြားတို့ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ညနေ ၆ နာရီ ၃ဝ မိနစ်တွင် ကိုကောင်းမြတ်ငှားရမ်းနေထိုင်သည့် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်း မြောက်/အရှေ့ရပ်ကွက်၊ ကမ်းနားလမ်းရှိ နေအိမ်တွင်းမှ ကိုမျိုးမင်းထွန်း(ခ)ကိုမျိုး(၄၁)နှစ်နှင့်အတူ နေအိမ် အတွင်းမှ ငွေကျပ်(၄)သိန်းတန်ဖိုးရှိ ဘိန်းဖြူ (၁ဝ)ဂရမ် နှင့် ငွေကျပ်(၈)သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား(၈ဝဝ)ပြားတို့ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့(နိုဝင်ဘာ ၉ ရက်) နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ဆန်း ရပ်ကွက်၊ အထက်ပုဇွန်တောင် လမ်းတွင် စည်သူဝင်း(ခ)စည်သူ(၂၉)နှစ် မောင်းနှင်လာသည့် HARRIER ကားအား စစ်ဆေးရှာဖွေခဲ့ရာ ငွေကျပ်(၃၇၂)သိန်းတန်ဖိုးရှိ အက်တက်စီဆေးပြား ၉၃ဝ ပြား နှင့် ငွေကျပ်(၂၁.၂၅)သိန်း တန်ဖိုးရှိ ကက်တမင်းအလေးချိန် ၄၂.၅ ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်တွင် ကမာရွတ်မြို့နယ်၊ (၅)ရပ်ကွက်၊ အောင်ချမ်း သာလမ်းရှိ ၎င်းနေထိုင်သည့် နေအိမ်အတွင်းမှ ငွေကျပ်(၁.၅)သိန်းတန်ဖိုးရှိ ကက်တမင်းအလေးချိန် ၃ ဂရမ်နှင့် ငွေကျပ်(၂၅.၂)သိန်းတန်ဖိုးရှိ Happy Water အလေးချိန် ၈၄ ဂရမ် အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁ နာရီ ၃ဝ မိနစ်တွင် သာကေမြို့နယ်၊ ၁ဝ/မြောက်ရပ်ကွက်၊ သန်လျင်ချည်းကပ်လမ်းတွင် လမ်းလျှောက်လာသူ ဇော်ဝင်း(ခ) အိုစမန်အား စစ်ဆေးရှာဖွေခဲ့ရာ ငွေကျပ်(၁၅.၅၅)သိန်း တန်ဖိုးရှိ ဘိန်းဖြူ အလေးချိန် ၄၅ ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဆက်လက်ထုတ်ပြန် ထားသည်။

ထို့နောက် စစ်ဆေးချက်အရ မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်တွင် ၎င်းနေထိုင်သည့် သန်လျင်မြို့နယ်၊ သောက်တော်တွင်း ရပ်ကွက်ရှိ နေအိမ်အတွင်းမှ ငွေကျပ်(၃၁.၅)သိန်းတန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၉ဝ ဂရမ် နှင့် ငွေကျပ်သိန်း (၆ဝ) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ဝဝဝ ပြားတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့(၆)ဦးအား သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါမူးယစ်ဆေးဝါးဖမ်းဆီရမိမှုသည် ရန်ကုန်တိုင်းရှိ မရမ်းကုန်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ မင်္ဂလာတောင် ညွှန်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့တွင် (၂)ရက်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်သည့် ကားများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်ရှိ မြို့နယ် (၄)မြို့နယ်၌ မနက်ဖြန်တွင် ယာယီဓာတ်အားပြတ်တောက်မည်ဟု YESC အသိပေး

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved