ရန်ကုန်ရှိ မြို့နယ် (၄)မြို့နယ်၌ မနက်ဖြန်တွင် ယာယီဓာတ်အားပြတ်တောက်မည်ဟု YESC အသိပေး
စော (NSS) - နိုဝင်ဘာ ၁၀
ACSR ကြိုးလွန်းများ ပြတ်နေခြင်းကြောင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန်အတွက် မနက်ဖြန် (နိုဝင်ဘာ ၁၁ ရက်) တွင် သင်္ဃန်းကျွန်းမြို့နယ် အပါအဝင် မြို့နယ်အချို့၌ ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ယနေ့ (နိုဝင်ဘာ ၁ဝ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားသည်။
သာကေတဓာတ်အားပေးစက်ရုံ၌ 230kV သန်လျင်-သာကေတလိုင်း၏ Bus D/S နှင့် 230kV Main Bus D/S ကြားရှိ B-Phase နှင့် 230kV လှော်ကားလိုင်း Bus အဝင် (R&Y) Phase D/S ထိပ်များ၌ ACSR ကြိုးလွန်းများ ပြတ်နေ ခြင်းအား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့သို့ လုပ်ငန်းဆောင်ရွက်ရန်အတွက် မနက်ဖြန် (နိုဝင်ဘာ ၁၁ ရက်) မွန်းလွဲ(၁၂)နာရီမှ (၂)နာရီ အထိ 230kV Bus Shut Down အား ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်း သိရသည်။
ထို့ပြင် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း YESC က အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ နှင့် နယ်စပ်ချင်းထိနေသည့်နေရာများတွင် တည်ငြိမ်ရေး နှင့် လုံခြုံရေးလုပ်ဆောင်သွားမည်ဟုဆို
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း