ရန်ကုန်မြို့တွင် တက္ကစီတစ်စီး ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား
သန့်ဇင် (NSS) - နိုဝင်ဘာ ၁ဝ
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် တက္ကစီတစ်စီး ဝါယာရှော့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ (နိုဝင်ဘာ ၁ဝ ရက်) နံနက် ၅ နာရီ ၃ဝ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမပေါ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကားက TOYOTA ကားလို့ပဲ သိရတယ်။ Gas ထည့်ဖို တန်းစီနေတုန်းမှာ ဝါယာရှော့ဖြစ်ပြီး မီးလောင်တာ” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထိုသို့မီးလောင်ခဲ့သောကားမှာ တက္ကစီယာဉ်တစ်စီးဖြစ်ပြီး ကားမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားတစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“လူထိခိုက်မှုက မရှိပါဘူး။ တက္ကစီယာဉ်မောင်းကလဲ အိမ်ကို ခဏပြန်သွားတဲ့အချိန်မှာဖြစ်တယ်လို့ သိရတယ်။ ကားကတော့ တစ်စီးလုံး အကုန်မီးလောင်သွားတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် ကားမီးလောင်မှုဖြစ်စဉ်ကို မင်္ဂလာဒုံမြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့တို့မှ (၁၅)မိနစ် ခန့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PDF အဖွဲ့က ပစ်ခတ်သော Drop Bomb များ မင်္ဂလာဆောင်နှင့် အလှူပွဲအခမ်းအနားသို့ ကျရောက်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ (၁၈)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ