ထိုင်းနိုင်ငံ အာရှအမြန်လမ်းပေါ်တွင် မြန်မာနိုင်ငံသား (၁၀)ဦးဖမ်းဆီးခံရ
ကျော် (NSS) - နိုဝင်ဘာ ၉
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်ရှိ အာရှအမြန်လမ်းပေါ်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား (၁၀) ဦး ဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားအရေး ကူညီပေးနေသည့်အဖွဲ့ထံမှ သိရသည်။
အယုဒ္ဓယခရိုင်မှတာဝန်ရှိသူများသည် ယမန်နေ့ (နိုဝင်ဘာလ ၈ ရက်)၊ နေ့လည် ၁ နာရီခန့်က မဟာရာချ်မြို့၊ ထမ်သောကျေးရွာအုပ်စုရှိ အာရှအမြန်လမ်းပေါ်တွင် ပစ်ကပ်ကားတစ်စီးအား တားဆီးစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာ အသက်(၂၄)နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား ကားမောင်းသူနှင့်အတူ ကားပေါ်၌ ပုန်း အောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား အမျိုးသား/အမျိုးသမီး ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ကားပေါ်၌ ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၊ ဖရာ့နခေါစီအယုဒ္ဓမြို့တွင် အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာခြင်းဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၂၈၀၀၀ မှ ၃၀၀၀၀ အထိပေးချေခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသားကားမောင်းသူနှင့်အတူ မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူမှုကွန်ရက်စာမျက်နှာများပေါ်၌ နိုင်ငံကူးလက်မှတ်များ လိမ်လည်ဆောင်ရွက်ပေးသည့် ကိစ္စများနှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း မလေးရှားရှိ မြန်မာသံရုံးအသိပေး
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း