Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံသားများကို ပဋိပက္ခဇုန်အတွင်းသို့ အတင်းအကြပ် ပြန်ပို့ခြင်းမျိုးမရှိကြောင်း ထိုင်းစစ်တပ်ပြော

Pika (NSS) - နိုဝင်ဘာ ၈

မြန်မာ-ထိုင်းနယ်စပ်တွင် ဖြစ်ပွားနေသောပဋိပက္ခများကြောင့် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံသားများကို မြန်မာအစိုးရ၏ တောင်းဆိုချက်များအရ ပဋိပက္ခဇုန်အတွင်းသို့ အတင်းအကြပ် နေရပ်ပြန်ပို့နေသည်ဆိုသည့်သတင်းများကို ထိုင်းစစ်တပ် နှင့် မယ်ဟောင်ဆန်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က ငြင်းဆန် ပယ်ချခဲ့ကြောင်း သိရသည်။


မြန်မာစစ်တပ် နှင့် ကရင်နီလက်နက်ကိုင်တပ်ဖွဲ့ကြားဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင် လာသော မြန်မာနိုင်ငံသားများသည်  ၎င်းတို့၏ ဆန္ဒအလျောက် နေရပ်ပြန်ခြင်းမျိုးသာဖြစ်ပြီး အတင်းအကြပ် နေရပ်ပြန်ခိုင်းခြင်းမျိုးမရှိကြောင်း ထိုင်းနယ်စပ်လုံခြုံရေးအတွက် တာဝန်ရှိသော Naresuan Task Force က အခိုင်အမာပြောခဲ့သည်။

မြန်မာအစိုးရသည် မယ်ဟောင်ဆန်ပြည်နယ် Muang ခရိုင် Ban Mai Nai Soi ရွာရှိ ယာယီဒုက္ခသည်စခန်းများတွင် နေထိုင်နေသော မြန်မာနိုင်ငံသားများကို အတင်းအကြပ်နေရပ်ပြန်ပို့ရန် ထိုင်းအာဏာပိုင်များကို ဖိအားပေးနေ ကြောင်း ဒေသတွင်းမီဒီယာများက မကြာသေးမီက ဖော်ပြခဲ့သည်။


အဆိုပါယာယီဒုက္ခသည်စခန်းများတွင် နေထိုင်သူများကို နိုင်ငံခြားသတင်းထောက်တစ်ဦးက တွေ့ဆုံမေးမြန်းခြင်း များ လုပ်ဆောင်ခဲ့ပြီး ၎င်းတို့ထဲမှ အချို့မှာ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး နောက် မြန်မာအစိုးရက ၎င်းတို့အား အတင်းအကြပ်နေရပ်ပြန်ပို့ရန် ဖိအားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းများထဲ တွင် ဖော်ပြထားသည်။

ထိုင်းအာဏာပိုင်များသည် ယာယီဒုက္ခသည်စခန်းခေါင်းဆောင်များကို သီတင်းပတ်နှစ်ပတ်အတွင်း ၎င်းတို့၏ လူများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်သွားရန် အမိန့်ပေးခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ 


အဆိုပါပြောဆိုမှုများအတိုင်း လိုက်နာခြင်းမရှိပါက ၎င်းတို့အားလုံးကို Tak ပြည်နယ်ရှိ ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့ခိုင်းမည်ဟု ထိုင်းအာဏာပိုင်များက ပြောဆိုခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့် ဇွန်လနောက်ပိုင်းတည်းက ထိုင်းနိုင်ငံ မယ်ဟောင်ဆန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ နေရပ်ပြန်သွားသူ စုစုပေါင်း (၅၇၄၈) ဦးရှိကြောင်း Naresuan Task Force က ပြောကြားခဲ့သည်၊၊ ထို့အပြင် မယ်ဟောင်ဆန်ပြည်နယ် ရှိ ယာယီဒုက္ခသည်စခန်း(၅)ခုတွင် ဆက်လက်နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများမှာ (၄၁၈၇)ဦး ရှိကြောင်း ၎င်းတို့က ထပ်မံပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းကို ရန်ပုံငွေမထောက်ပံ့တော့ဘဲ အစ္စရေးကို အကူအညီပေးမည့်ဥပဒေကြမ်းကို အထက်လွှတ်တော် ဒီမိုကရက်တစ်အမတ်များ တားမြစ်ပိတ်ပင်

RELATED POSTS
RECENT POSTS
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
23 Sep 2024
ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်
23 Sep 2024
APTERR အစီအစဥ်ဖြင့် အရန်ဆန် တန်(၁ဝဝဝ)ကျော်ကို ရေဘေးသင့်ဒေသများသို့ ထောက်ပံ့မည်
23 Sep 2024
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာအိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေတဲ့ ပျားအုံကြီးတွေ့ရှိ
23 Sep 2024
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံခွေးလေးတွေ ခရီးသွားတွေကြား ရေပန်းစားနေ
23 Sep 2024
EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်
23 Sep 2024
မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ
22 Sep 2024
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved