ချမ်းမြသာစည်မြို့နယ်ရှိ "အမရာနဒီ" ဟိုတယ်တွင် ရီမုမိုင်းပေါက်ကွဲခဲ့၊ ထိခိုက်ဒဏ်ရာရသူမရှိ
ကျော် (NSS) - နိုဝင်ဘာ ၇
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၃)ရပ်ကွက်ရှိ "အမရာနဒီ"ဟိုတယ်တွင် ယမန်နေ့ (နိုဝင်ဘာလ ၆ ရက်)၊ ညနေပိုင်းက ရီမုမိုင်းပေါက်ကွဲခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ ညနေ ၄ နာရီကျော်ခန့်က "အမရာနဒီ" ၏ အခန်းအမှတ်(၁၀၅)အနီးတွင် ရီမုမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
"ဟိုတယ် အခန်းအမှတ်(၁၀၅)နားမှာ ပေါက်ကွဲတာ။ ရီမုမိုင်းအမျိုးအစားပါ။ ပျက်စီးတာတွေရှိပေမယ့် ထိခိုက်ဒဏ်ရာရတာနဲ့သေဆုံးတာမရှိခဲ့ပါဘူး။ လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်"ဟု လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ရီမုမိုင်းပေါက်ကွဲမှုကြောင့် ဟိုတယ်အဆောက်အဦးနံရံ၏ နေရာအချို့တွင် ပွင့်ထွက်ခြင်း၊ ပြတင်းပေါက်မှန်များကွဲအက်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနဲ့ ဟားမက်စ်စစ်ပွဲအတွင်း ကုလသမဂ္ဂဝန်ထမ်းဦးရေ ၉ဝ နီးပါး သေဆုံးထား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ