အစ္စရေးနဲ့ ဟားမက်စ်စစ်ပွဲအတွင်း ကုလသမဂ္ဂဝန်ထမ်းဦးရေ ၉ဝ နီးပါး သေဆုံးထား
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၇
အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း လက်ရှိအချိန်အထိ ကုလသမဂ္ဂဝန်ထမ်း ဦးရေ အနည်းဆုံး ၈၈ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့တွေရဲ့ပူးပေါင်းထုတ်ပြန်ချက်များအရ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ယူနီဆက်ဖ် အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်း ၁၈ ခု၏ အကြီးအကဲများဟာ ပူးတွဲ သတင်းထုတ်ခဲ့ရာ ကုလသမဂ္ဂဝန်ထမ်း ၉ဝ နီးပါး သေဆုံးထားတယ်ဆိုတဲ့အချက်ကို ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။ အဆိုပါထုတ်ပြန်ချက်ထဲမှာ "စစ်ပွဲက တစ်လနီးပါးရှိလာခဲ့တယ်။ တစ်ကမ္ဘာလုံးက ပါလက်စတိုင်းနဲ့ အစ္စရေးရဲ့အခြေအနေတွေကို စောင့်ကြည့်နေတယ်။ သေဆုံးသူအရေအတွက် မြင့်တက်လာနေတယ်။ အောက်တိုဘာ ၇ ရက်နောက်ပိုင်းတည်းက ပါလက်စတိုင်း ဂါဇာဒေသမှာ အကူအညီပေးနေတဲ့ ကုလသမဂ္ဂ ဝန်ထမ်းအရေအတွက် ၈၈ ဦး သေဆုံးခဲ့ရတယ်။ အဲဒီအရေအတွက် စစ်ရေးပဋိပက္ခတစ်ခုအတွင်း ကုလသမဂ္ဂအဖွဲ့ ဝန်ထမ်းအရေအတွက် သေဆုံးမှုအများဆုံးဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂအဖွဲ့က ၎င်းတို့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ဝန်ထမ်းပေါင်း ၁၃ဝဝဝ ကျော်ဟာ ဂါဇာကမ်းမြောင် ဒေသမှာ အလုပ်လုပ်နေလျက်ရှိနေကြောင်း ဆိုပါတယ်။ ကုလသမဂ္ဂအဖွဲ့ဟာ ဂါဇာဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ဖို့ တောင်းဆိုထားပေမယ့် အစ္စရေးနိုင်ငံက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင် နေဆဲဖြစ်ပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၁ဝဝဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov- 7 / 3:00 PM)
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း