Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov- 7 / 3:00 PM)

ဂျန်ဇက် (NSS) - နိုဝင်ဘာ ၇ 

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ၎င်းတို့အနေနဲ့ စစ်ပွဲပြီးဆုံးချိန်မှာ ဂါဇာဒေသရဲ့လုံခြုံရေးကိစ္စအားလုံးကို ထိန်းချုပ်တာဝန်ယူသွားဖို့ ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ်က ၎င်းတို့ဟာ ပြန်ပေးဆွဲထားသူတွေ ထွက်လာနိုင်ဖို့  ဒါမှမဟုတ် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမှုတွေ ဝင်ရောက်နိုင်ဖို့ ဂါဇာဒေသအပေါ် ပြုလုပ်နေတဲ့တိုက်ခိုက်မှုတွေကို နည်းစနစ်ပိုင်းအနည်းငယ်လျော့ချသွားဖို့ စဉ်းစားနေကြောင်း ပြောပါတယ်။ 


ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေးအစိုးရအဖွဲ့ဝန်ကြီးတစ်ဦးရဲ့ပြောဆိုချက်များနဲ့ပတ်သက်ပြီး မေးခွန်း ထုတ်စရာဖြစ်လာစေခဲ့ကြောင်း ထုတ်ဖော်ဝေဖန်လိုက်ပါတယ်။ အစ္စရေး ရှေးဟောင်းအမွေနှစ်ထိန်းသိမ်းရေး ဝန်ကြီးက ဂါဇာဒေသကို နျူကလီးယားလက်နက်များ နဲ့ တိုက်ခိုက်မယ့်အစီအစဉ်ဟာ ဖြစ်ကောင်းဖြစ်လာနိုင်ဖွယ် ရှိနေကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြောခဲ့ပါတယ်။ 


မလေးရှားအစိုးရက ပါလက်စတိုင်းရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပြင် အခြားလက်နက်ကိုင်အဖွဲ့တွေကို ကူညီ ထောက်ပံ့ပေးနေတဲ့နိုင်ငံခြားအဖွဲ့အစည်းတွေကို ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်မယ့် အမေရိကန်အစိုးရရဲ့ တစ်ဖက် သတ်ပိတ်ဆို့မယ့်အစီအစဉ်ကို အသိမှတ်ပြုမှာမဟုတ်ကြောင်း ပြောပါတယ်။ မလေးရှားနိုင်ငံဟာ အစ္စရေးနိုင်ငံကို နိုင်ငံအဖြစ်အသိအမှတ်ပြုထားခြင်းမရှိသလို အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ စစ်ပွဲစတင်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံကို ဝေဖန်ပြစ်တင်မှု အများဆုံးပြုလုပ်နေတဲ့နိုင်ငံဖြစ်ပါတယ်။


အစ္စရေးနိုင်ငံအနေနဲ့ ဂါဇာဒေသကို နျူကလီးယားလက်နက်များနဲ့ တိုက်ခိုက်ဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ အစ္စရေးအစိုးရအဖွဲ့ဝန်ကြီးရဲ့ပြောဆိုချက်များကို ဆော်ဒီအာရေဗျ၊ ဂျော်ဒန် နဲ့ အခြားအာရပ်နိုင်ငံများက ဝေဖန် ပြစ်တင်လိုက်ကြောင်း သိရပါတယ်။ 

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးအမွေအနှစ်ထိန်းသိမ်းရေးဝန်ကြီးကို ရာထူး က ဆိုင်းငံ့ခဲ့ပေမယ့် ထုတ်ပယ်တာမျိုးမပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


တူရကီနိုင်ငံရဲတပ်ဖွဲ့ဟာ တူရကီနိုင်ငံ Incirlik လေတပ်အခြေစိုက်စခန်းမှာ ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြအုပ်စု တွေကို ထိန်းသိမ်းနိုင်ဖို့ မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများ အသုံးပြုကာ ဖြိုခွင်းခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ လေတပ်အခြေစိုက်စခန်းဟာ အမေရိကန်စစ်အခြေစိုက်စခန်းဖြစ်ရာ တူရကီရှိ ပါလက်စတိုင်းလိုလားသူအုပ်စုတွေ ဟာ အဲဒီလေတပ်စခန်းမှာ အစ္စရေးနဲ့ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆေးတက္ကသိုလ်များ နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၏ ပထမနှစ် တက်ရောက်ခွင့်ရရှိသူ (၆၀၀)ကျော်ရှိ

RELATED POSTS
RECENT POSTS
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved