တောင်ဥက္ကလာပတွင် ALPHARD ကားပေါ်မှ ငွေကျပ်သိန်း(၂ဝဝဝ)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - နိုဝင်ဘာ ၆
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် ALPHARD ကားပေါ်မှ ငွေကျပ်သိန်း(၂ဝဝဝ)တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်၊ မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက်၊ မင်္ဂလာလမ်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းတွင် ဦးသန်းဝင်း(ခ)ဖက်တီး(၃ဝ)နှစ် မောင်းကာ အောင်ထွန်းသိန်း(၅၁)နှစ် လိုက်လာသည့် ALPHARD ကားကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးခဲ့ရာ ကားပေါ်မှ ငွေကျပ်သိန်း (၂ဝဝဝ)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၂ဝဝဝဝဝ) ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးအား တောင်ဥက္ကလာပမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အမှုဖွင့်ပြီး ကွင်းဆက်များအား ဖော်ထုတ်နိုင်ရန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စာချကထိကဆရာတော်များအား အထူးကျေးဇူးဆပ် အာစရိယပူဇော် (Photo News)
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း