မြန်မာဘက်က ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးပြီးနောက် နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာကို တရုတ်အစိုးရ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၆
တရုတ်နဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်အောင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနလက်ထောက်နိုင်ငံခြားရေးဝန်ကြီးက နိုဝင်ဘာလ ၆ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
တရုတ် နဲ့ မြန်မာနိုင်ငံနယ်စပ်ဒေသနားမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာတပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေရာ ကချင်ပြည်နယ် လိုင်ဇာနယ်စပ်ဒေသကို မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ကျည်ဆံဟာ တရုတ်နိုင်ငံပိုင်နက်ကို ကျရောက်ခဲ့ပြီး တရုတ်နိုင်ငံသားတစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ အေးရှားတိုင်းမ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong က "တရုတ်-မြန်မာနယ်စပ်ဒေသ တစ်လျှောက်တည်ငြိမ်မှုတွေကို ထိန်းသိမ်းနိုင်ဖို့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းဖို့ တိုက်တွန်းပါတယ်။ တရုတ်နယ်စပ်ဒေသမှာ နေထိုင်နေသူတွေရဲ့အသက်အိုးအိမ်၊ စည်းအိမ်တွေ ဘေးကင်းမှုဖြစ်စေဖို့ နဲ့ လုံခြုံရေး ဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်စေဖို့ထိရောက်တဲ့ အစီအမံတွေ လုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံ နဲ့ ပူးပေါင်းဖို့ တောင်းဆိုပါတယ်" လို့ ပြောပါတယ်။
တရုတ်နဲ့ မြန်မာနယ်စပ်ဒေသမှာ မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာတပ်မတော်ကြား တိုက်ပွဲများ ဖြစ်လာခဲ့ရာ တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီး အပါအဝင် အစိုးရတာဝန်ရှိသူများ မြန်မာနိုင်ငံကို လာရောက်ကာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၃ ရက်က ၅ ရက်အထိ မြန်မာနိုင်ငံကိုလာရောက်ခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုလဲအိမ်ယာဝန်းအတွင်း ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်လောင်းတွေ့
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ