ဟမ်းဘတ်မြို့ လေဆိပ်မှာဖြစ်ပွားခဲ့တဲ့ပြန်ပေးဆွဲမှုမှာ သေနတ်သမားကို ဖမ်းဆီးနိုင်သလို ကလေးငယ်ကို ပြန်ကယ်ထုတ်နိုင်ခဲ့ဟု ဂျာမနီရဲတပ်ဖွဲ့ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၆
ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲခံရမှုဟာ ပြီးဆုံးသွားခဲ့တယ်လို့ ဂျာမနီအာဏာပိုင်တွေက ပြောပါတယ်။
ဂျာမနီရဲတပ်ဖွဲ့ဟာ ဟမ်းဘတ်မြို့ လေဆိပ်ရှိ လုံခြုံရေးဂိတ်ကို ကားနဲ့ ဝင်တိုက်ပြီးထွက်ပြေးခဲ့တဲ့သေနတ်သမားကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အဲဒီသေနတ်သမားဟာ အသက် ၄ နှစ်အရွယ်ရှိ ကလေးငယ်ကို ပြန်ပေးဆွဲခဲ့ပြီးကား နဲ့ ခေါ်ဆောင်သွားခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
ဂျာမနီရဲတပ်ဖွဲ့ဟာ သေနတ်သမားနဲ့ နာရီပေါင်းများစွာကြာ ဆွေးနွေးခဲ့ပြီးနောက် သေနတ်သမားကို ခုခံမှုမရှိဘဲ ဖမ်းဆီးနိုင်ခဲ့သလို ကလေးငယ်ကိုလည်း ထိခိုက်ဒဏ်ရာမရှိဘဲ ပြန်လွှတ်ပေးနိုင်ခဲ့ကြောင်း ပြောပါတယ်။
ပြန်ပေးဆွဲမှုကျူးလွန်ခဲ့တယ်လို့ သံသယရှိခံရတဲ့ သေနတ်သမားဟာ နိုဝင်ဘာ ၄ ရက် ည ၈ နာရီကျော်က ကလေးငယ်ကို ပြန်ပေးဆွဲပြီးနောက် လုံခြုံရေးဂိတ်တံကားကို ကားနဲ့တိုက်ကာ ထွက်ပြေးခဲ့ကြောင်း သိရပါတယ်။ သေနတ်သမားဟာ ကလေးငယ်ကို ကားနဲ့ ဖမ်းဆီးခေါ်ဆောင်ကာ လုံခြုံရေးဂိတ်တံခါးကို ကားနဲ့တိုက်ချိန် အတွင်းမှာ မီးလောင်ဗုံးနှစ်လုံးကိုလည်း ကားပေါ်ကနေ ပစ်ချခဲ့သလို သေနတ်ပစ်ဖောက်မှုတွေလည်း လုပ်ဆောင်ခဲ့ ကြောင်း သိရပါတယ်။
ဟမ်းဘက်မြို့ရဲတပ်ဖွဲ့အကြီးအကဲက "သေနတ်သမားနဲ့ဆွေးနွေးမှု အောင်မြင်ခဲ့တယ်။ ပြန်ပေးဆွဲမှုဟာ ပြီးဆုံးသွား ပါတယ်။ ပြန်ပေးဆွဲတဲ့ သေနတ်သမားဟာ တူရကီဘာသာစကားပြောဆိုနိုင်သူဖြစ်တယ်။ ဆွေးနွေးပြီးချိန်မှာ သေနတ်သမားဟာ ကားထဲကနေ ကလေးငယ်နဲ့အတူ ထွက်လာတယ်။ ခုခံမှုမရှိပါဘူး။ ကလေးငယ်ကိုလည်း ပြန်လွှတ်ပေးနိုင်ခဲ့တယ်။ သေနတ်သမားဟာ ကလေးငယ်ကို ပြန်ပေးဆွဲခဲ့တဲ့ ဖခင်ဖြစ်ပါတယ်။ ဇနီးဖြစ်သူနဲ့ သဘောထားကွဲလွဲမှုဖြစ်ပွားခဲ့ပြီးနောက် သမီးဖြစ်သူကို ခေါ်ယူခဲ့တာမျိုးဖြစ်တယ်။ သေနတ်သမားဟာ သမီးငယ်ကို တူရကီနိုင်ငံကို ခေါ်သွားလိုတယ်။ ဇနီးဖြစ်သူက သေနတ်သမားကို ကလေးငယ်ပြန်ပေးဆွဲ ခေါ်ယူခဲ့တယ်ဆိုပြီး တိုင်ကြားခဲ့တာဖြစ်တယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာဘက်က ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးပြီးနောက် နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာကို တရုတ်အစိုးရ တိုက်တွန်းတောင်းဆို
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ