ဘားအံမြို့နယ် လှိုင်းဘွဲ့ချောင်းတွင်း Probox ကားတစ်စီး ရေထဲထိုးကျ သားဖ(၂)ဦး သေဆုံး
သန့်ဇင် (NSS) - နိုဝင်ဘာ ၆
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ လှိုင်းဘွဲ့ချောင်းအတွင်း ဖောင်ဖြင့်ကမ်းကူးရာမှ Probox ကားတစ်စီး ရေထဲပြုတ်ကျခဲ့ရာ ယာဥ်ပေါ်ပါ သားဖ(၂)ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော နိုဝင်ဘာလ ၄ ရက်၊ ညနေ ၃ နာရီ ၃ဝ မိနစ်ခန့်က ဘားအံမြို့နယ်၊ ဝဲကရင်ကျေးရွာအုပ်စု၊ ရွာသစ်ကုန်း ကျေးရွာ၊ လှိုင်းဘွဲ့ချောင်းအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ဘားအံမှ သိရသည်။
“ရေနစ်သေဆုံးတာက သားဖနှစ်ဦးပါ။ သူတို့က ဆေးကုပြီးပြန်လာတာ။ သမတ်ကွေ့ကူးတို့ဆိပ်ကနေ ချောင်း ဖြတ်ကူးရင်းနဲ့ သူတို့ကားက ဖောင်ပေါ်ကနေ မတော်တဆပြုတ်ကျခဲ့တာ။ အဲဒီမှာ ရေနစ်သေဆုံးသွားတာ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းဘားအံမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါရေနစ်မှုဖြစ်စဉ်အား ရေငုတ်ရှာဖွေခဲ့ရာ အောက်တိုဘာ ၅ ရက်၊ နံနက်ပိုင်းတွင် ကားတွင်းပိတ်မိကာ သေဆုံးနေသည့် အသက်(၈၄)နှစ်အရွယ် ဖခင်ဖြစ်သူကို ကားအတွင်းမှ ထုတ်ယူနိုင်ခဲ့ပြီး ည ၈ နာရီ ၃ဝ မိနစ်တွင် အသက်(၅၆)နှစ်အရွယ်ရှိ သားဖြစ်သူအား တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား(၂)ဦး၏ ရုပ်အလောင်းများအား ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ လူမှုကူညီရေးအသင်းများက ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သုတေသနရလဒ်များကို အခြေခံ၍ သားငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း