ကန်ကြီးထောင့်မြို့နယ် ပုသိမ်-မုံရွာကားလမ်းဘေးရှိ ဆီသိုလှောင်ရုံမီးလောင် (၄)ဦး ဒဏ်ရာရ
သန့်ဇင် (NSS) - နိုဝင်ဘာ ၅
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပုသိမ်-မုံရွာကားလမ်းဘေးရှိ ဆီသိုလှောင်ရုံ၌မီးလောင်မှု ဖြစ်ပွားခဲ့ရာ အမျိုးသား(၄)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုသည် ယမန်နေ့ (နိုင်ဝင်ဘာလ ၄ ရက်)၊ ည ၇ နာရီ ၁၃ မိနစ်အချိန်တွင် ကန်ကြီးထောင်မြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ ပုသိမ်-မုံရွာ ကားလမ်းမကြီးဘေးရှိ ဆီသိုလှောင်ရုံတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါမီးလောင်မှုကို ပုသိမ်ခရိုင်မီးသတ်၊ ကန်ကြီးထာင်မြို့နယ်မီးသတ်၊ ဒါးကနယ်မြေမီးသတ်ခစန်းတို့မှ တပ်ဖွဲ့ ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက မိနစ်(၃ဝ)ခန့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ၇ နာရီ ၄ဝ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းရသည့်အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
မီးလောင်မှုကြောင့် အမျိုးသား(၄)ဦးတွင် ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ/မစိုးရိမ်ရ)များ ရရှိခဲ့သဖြင့် ပုသိမ်မြို့နယ် ပြည်သူ့ဆေးရုံ နှင့် ကန်ကြီးထောင့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပါရမီရိပ်သာလူမှုကူညီရေးအသင်း၊ မိကျောင်းတစ်ရာ လူမှုကူညီရေးအသင်းတို့မှ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စေတနာရှင်များက ကျပ်သိန်း (၂)သောင်းနီးပါး ဂုဏ်ပြုချီးမြှင့်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ