နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စေတနာရှင်များက ကျပ်သိန်း (၂)သောင်းနီးပါး ဂုဏ်ပြုချီးမြှင့်
စော (NSS) - နိုဝင်ဘာ ၅
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကျပ်သိန်း (၂)သောင်းနီးပါး ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့တွင် ယမန်နေ့(နိုဝင်ဘာ ၄ ရက်) ၌ စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ အောင်ငြိမ်းအေးခန်းမတွင် စေတနာရှင် အလှူရှင် (၄၉)ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ်သိန်း (၁၁ဝ၂၇) အား ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ စေတနာအလှူရှင် (၂၂၈)ဦးတို့က လုံခြုံရေး တပ်ဖွဲ့ဝင် များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်း ငွေကျပ်သိန်း (၆၅၆၁) အား ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့စေတနာအလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူ ပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မြဲရန်ရည်ရွယ်ကျင်းပသော ဖျော်ဖြေပွဲသို့ နစကဥက္ကဋ္ဌ တက်ရောက် ဂုဏ်ပြု
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း