မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မြဲရန်ရည်ရွယ်ကျင်းပသော ဖျော်ဖြေပွဲသို့ နစကဥက္ကဋ္ဌ တက်ရောက် ဂုဏ်ပြု
Pearl (NSS) - နိုဝင်ဘာ ၅
မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မြဲရန်ရည်ရွယ်ကျင်းပသောဖျော်ဖြေပွဲသို့ နစကဥက္ကဋ္ဌ တက်ရောက် ဂုဏ်ပြုခဲ့ကြောင်းသိရသည်။
ယမန်နေ့ (နိုဝင်ဘာ ၄ ရက်) တွင် နေပြည်တော်၌ မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရေး မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ နှင့် ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့ ဖျော်ဖြေပွဲအခမ်းအနားကျင်းပခဲ့သည်။
အဆိုပါဖျော်ဖြေပွဲကို ရုရှားတပ်မတော်နှင့် မြန်မာ့တပ်မတော်ကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မြဲစေရန် ရည်ရွယ် ၍ ကျင်းပခြင်းဖြစ်ပြီး နစကဥက္ကဋ္ဌ နှင့် ဇနီး ၊ တာဝန်ရှိသူများ တက်ရောက်က ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့ပြင် ရုရှားနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mr. Iskandar Azizov နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဖျော်ဖြေမှုများအပြီးတွင် နစကဥက္ကဋ္ဌ နှင့် ဇနီးတို့က ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့အား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ရုရှားရေတပ်ဦးစီးချုပ်က မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့အား ဂုဏ်ပြုပန်းခြင်း ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း အပါအဝင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းပေါင်း (၃ဝ) အတွက် A.G.T.I ပထမနှစ်သင်တန်းသားများ ခေါ်ယူ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း