ရုရှားနိုင်ငံအပေါ်ချမှတ်ခဲ့တဲ့ပိတ်ဆို့မှုတွေကြောင့် ဥရောပသမဂ္ဂဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ အရှုံးပေါ်နေ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၅
ဥရောပသမဂ္ဂဟာ ရုရှားနိုင်ငံအပေါ်ချမှတ်ခဲ့တဲ့ပိတ်ဆို့မှုတွေကြောင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံခန့် ပြန်လည်အရှုံးပေါ်ခဲ့ရကြောင်း၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်နိုင်ငံခြားရေးဝန်ကြီး Aleksandr Grushko က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းနဲ့ ရုရှားစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဥရောပသမဂ္ဂဟာ အမေရိကန်နိုင်ငံနဲ့အတူ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှု အမျိုးမျိုးချမှတ်ခဲ့ကြောင်း သိရပါတယ်။ ဥရောပသမဂ္ဂဟာ အရှုံးပေါ်နေပေမယ့် ရုရှားနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို လက်ရှိအချိန်မှာ ပြန်လည်ရုတ်သိမ်းသွားဖို့ အလားလာနည်းနေကြောင်း သိရပါတယ်။
ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီးက "ဥရောပသမဂ္ဂဟာ ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း လျော့ချတာ၊ ပိတ်ဆို့မှုတွေ ချမှတ်တာတွေကြောင့် ကြီးမားတဲ့ထိခိုက်ဆုံးရှုံးမှုတွေဖြစ်နေရတယ်။ ဥရောပသမဂ္ဂဟာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံခန့် ဆုံးရှုံးမယ်လို့ ခန့်မှန်းထားတယ်" လို့ ပြောပါတယ်။
ရုရှားနဲ့ ဥရောပသမဂ္ဂကြား အပြန်အလှန်ကုန်သွယ်မှုက ၂ဝ၁၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၄၁၇ ဘီလျံရှိခဲ့ ကြောင်း၊ ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲစတင်ဖြစ်ပွားတဲ့ ၂ဝ၂၂ ခုနှစ်မှာ အပြန်အလှန်ကုန်သွယ်မှုက အမေရိကန် ဒေါ်လာ ၂ဝဝ ဘီလျံသာရှိခဲ့ပြီး ၂ဝ၂၃ခုနှစ်အကုန်မှာ အပြန်အလှန်ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၁ဝဝ ဘီလျံ ထပ်မံ လျော့နည်းဖွယ်ရှိနေကြောင်း ၎င်းက ပြောပါတယ်။
ဥရောပသမဂ္ဂဟာ ယူကရိန်းနဲ့ ရုရှားတို့စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှားနိုင်ငံအပေါ် ပစ်မှတ်ထားပိတ်ဆို့မှု ၁၁ ကြိမ် ချမှတ်ခဲ့ဖူးကြောင်း သိရပါတယ်။
ဥရောပသမဂ္ဂနဲ့ အမေရိကန်အစိုးရတာဝန်ရှိသူများက ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုများချမှတ်ခြင်းဟာ မျှော်လင့် သလောက်တိုးတက်ကောင်းမွန်မှုမရှိဘဲ သက်ရောက်မှုတွေ ပြန်လည်တွေ့ကြုံနေရကြောင်း ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် တောင်အမေရိကတိုက်ရှိ တီတီကာကာ ရေကန်ကြီး စံချိန်တင် ရေခမ်း
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ